လစဉ် မြန်မာလုပ်သား ၅၀၀ နီးပါး အလုပ်ခေါ်ယူမည်ဟု ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က ကမ်းလှမ်း၊ ဂျပန်ကို သွားပြီး အလုပ်လုပ်ချင်သူတွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည် သန်းလာပါပြီ…

News

မြန်မာလုပ်သားများကို ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် အလုပ်ခေါ်စာ ကမ်းလှမ်းထားသည့် ဂျပန်ကုမ္ပဏီပေါင်း ၂၀၆ ခုရှိတယ်လို့ စကစ လက်အောက်ခံ မြန်မာသံရုံး၊ တိုကျိုမြို့က ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် အလုပ်သမားကြီးကြပ်ရေးကုမ္ပ ဏီနှင့် အလုပ်လုပ်ကိုင်မည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံတွင် တရားဝင်ရှိ၊ မရှိ စိစစ်ပြီး နိုင်ငံခြားရေးဝန် ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ပေးပို့ကာ တစ်လကို လုပ်သား ၁၀၀ မှ ၅၀၀ ဝန်းကျင် စေ လွှတ်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် စကစ လက်အော က်ခံ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကို တစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါကြောင့်ပြည်ဝင်ခွင့်ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် မတ်လဆန်းမှစတင်ကာ ပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုခဲ့ပြီး မြန်မာလုပ်သားများကို တရားဝင်ပြန်လည်စေလွှတ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်အစိုးရအနေဖြင့် ဇွန်လ ၁ရက်နေ့မှစတင်ပြီး မြန် မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်သော အပြာရောင်အုပ်စုထဲ သတ်မှတ်ထည့်သွင်းထားသည့် အတွ က် ဂျပန်နိုင်ငံသို့ သွားရောက်ပါက ကွာရန်တင်းဝင်ရောက်ရန် မလိုအပ်တော့ကြောင်း သိရပါတယ်။

ကိုဗစ်ကပ်ရောဂါ အပြီးတွင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများ၌ ပြည်ပ လုပ်သား အများအပြား လိုအပ်လျက်ရှိရာ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲတဲ့နိုင်ငံများမှ လုပ်သားများကို ဦးစားပေး ခေါ်ယူလျက် ရှိပါတယ်။

လက်ရှိအချိန်တွင် မြန်မာပြည်တွင်း၌ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်ခြင်း၊ အလုပ်အကိုင် နည်းပါးခြင်းနဲ့ ဝင်ငွေ လျော့နည်းလာခြင်းတို့ကြောင့် လူငယ်များအနေနဲ့ ပြည်ပအလုပ်အကိုင်တွေကို သွားရောက်လုပ်ကိုင်လိုကြကြောင်း သိရပါတယ်။

Crd

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိူင် ပါသည်

Leave a Reply

Your email address will not be published.