စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ်၏ ကာကွယ်ရေးဦးစီးချုပ်
ရုံး(ကြည်း)(ကက ကြည်း)တွင် ဇွန်လ ၂၀ ရက် မနက်ဖြန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးပြီး လေးလပတ်
အစည်းအဝေးပြုလုပ်မည်ဖြစ် ကြောင်း နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါ လေးလပတ်အစည်းအဝေးအပြီးတွင် စစ်ဘက်ထိပ်တန်းရာထူးများဖြစ်သော စစ်ဆင်ရေးကိစ္စများကိုအဓိက
ကိုင်တွယ်ဆောင်ရွက်နေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)များအပါအဝင် ဒု-
ဗိုလ်ချုပ်ကြီးအဆင့် အရာရှိချုပ်များအပြောင်းအလဲရှိနိုင်သည်ဟု ဆိုသည်။
” မနက်ဖြန်ကြည်းလေးလပတ်စမယ်။ လေးလပတ်ပြီးရင် ဒု-ဗိုလ်ချုပ်ကြီးအဆင့်တွေအပြောင်းအလဲရှိတယ်လို့ကြား
တယ်။ အနားပေးမှာလား၊ အချိန်းအပြောင်းလုပ်မှာလား၊ ဘယ်သူတွေကိုပြောင်းလဲလုပ်မှာလဲတော့ အတိ အကျမသိသေး
ဘူး” ဟု နေပြည်တော်စစ်ရုံးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကက(ကြည်း) လေးလပတ်သည် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဦးစီးတက်ရောက်ပြီး စစ်တပ်ထိပ်တန်းအရာရှိ
ကြီးများဖြစ်သည့် ကစထမှူး၊ စစ်ရုံး အရာရှိချုပ်များ ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူးများနှင့် စစ်တိုင်းမှူးများတက်ရောက်ရ
ကြောင်း သိရသည်။
စစ်ဆင်ရေးကိစ္စများကိုကိုင်တွယ်ရသည့် ကစထမှူးများပြောင်းလဲမှုရှိပါက ၎င်းတို့ကွပ်ကဲသည့်စစ်တိုင်းအပေါ်မူတည်၍ စစ်
ရေးနှင့်ပတ်သက်သည့်ပြောင်းလဲမှုတချို့ဖြစ်ပေါ်လာနိုင်ကြောင်း CDM အရာရှိတဦးကသုံးသပ်ပြောဆိုသည်။
” ကစထမှူးနေရာဆိုရင်တော့ အဲ့ဒီ ကစထ ကိုင်တွယ်ကွပ် ကဲမယ့် စစ်တိုင်းဒေသထဲမှာပါတဲ့ စစ်ဆင်ရေးနယ်မြေတချို့ကို
စောင့်ကြည့်ရမှာပေါ့။ ကျန်တာတော့ထုံးစံတိုင်း သူစိတ်မချရတဲ့သူဆိုအနားပေးတာမျိုး၊ ဂျောင်ထိုးတာမျိုးရှိကောင်းရှိနိုင်ပါ
တယ်” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ခန့်ကိုက သုံးသပ်ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီတပ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် DSAအပတ်စဉ် ၁၉ အကြီးဆုံးဖြစ်ပြီး ၊ ဒု-ဗိုလ်ချုပ်ကြီး
အဆင့်များသည် DSA အပတ်စဉ် ၂၆ မှ ၃၅ အကြားဖြစ်ပြီး စစ်တိုင်းမှူး ဗိုလ်ချုပ်အဆင့်များ သည် DSA အပတ်စဉ် ၃၈
ဝန်းကျင်များဖြစ်သည်။
ယခုဇွန်လဆန်းပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ဘက်နှင့်နယ်ဘက် ထိပ်ပိုင်းရာထူး ၃ နေရာရယူခဲ့သူ ဒု-ဗိုလ်ချုပ်
ကြီး သန်းလှိုင် ကို စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အား လုံးရုတ်သိမ်းပြီး
အနားပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံကသိရသည်။
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိူင် ပါသည်
နေပြည်တော်မှာ စစ်ခေါင်းဆောင်ဦးဆောင်ပြီး ကြည်းလေးလပတ်အစည်းအဝေးပြုလုပ်မည်ဖြစ်ကာ စစ်ဘက်ထိပ်တ
န်းရာထူးများအပြောင်းအလဲရှိနိုင်ဟုသတင်းထွက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ်၏ ကာကွယ်ရေးဦး
စီးချုပ်ရုံး(ကြည်း)(ကက ကြည်း)တွင် ဇွန်လ ၂၀ ရက် မနက်ဖြန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးပြီး
လေးလပတ်အစည်းအဝေးပြုလုပ်မည်ဖြစ် ကြောင်း နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါ လေးလပတ်အစည်းအဝေးအပြီးတွင် စစ်ဘက်ထိပ်တန်းရာထူးများဖြစ်သော စစ်ဆင်ရေးကိစ္စများကိုအဓိကကိုင်တွ
ယ်ဆောင်ရွက်နေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)များအပါအဝင်
ဒု-ဗိုလ်ချုပ်ကြီးအဆင့် အရာရှိချုပ်များအပြောင်းအလဲရှိနိုင်သည်ဟု ဆိုသည်။
” မနက်ဖြန်ကြည်းလေးလပတ်စမယ်။ လေးလပတ်ပြီးရင် ဒု-ဗိုလ်ချုပ်ကြီးအဆင့်တွေအပြောင်းအလဲရှိတယ်လို့ြ
ကားတယ်။ အနားပေးမှာလား၊ အချိန်းအပြောင်းလုပ်မှာလား၊ ဘယ်သူတွေကိုပြောင်းလဲလုပ်မှာလဲတော့ အတိ
အကျမသိသေးဘူး” ဟု နေပြည်တော်စစ်ရုံးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကက(ကြည်း) လေးလပတ်သည် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဦးစီးတက်ရောက်ပြီး စစ်တပ်ထိပ်တန်းအရာရှိြ
ကီးများဖြစ်သည့် ကစထမှူး၊ စစ်ရုံး အရာရှိချုပ်များ ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူးများနှင့် စစ်တိုင်းမှူးများတက်ရောက်
ရကြောင်း သိရသည်။
စစ်ဆင်ရေးကိစ္စများကိုကိုင်တွယ်ရသည့် ကစထမှူးများပြောင်းလဲမှုရှိပါက ၎င်းတို့ကွပ်ကဲသည့်စစ်တိုင်းအပေါ်မူတ
ည်၍ စစ်ရေးနှင့်ပတ်သက်သည့်ပြောင်းလဲမှုတချို့ဖြစ်ပေါ်လာနိုင်ကြောင်း CDM အရာရှိတဦးကသုံးသပ်ပြောဆိုသည်။
” ကစထမှူးနေရာဆိုရင်တော့ အဲ့ဒီ ကစထ ကိုင်တွယ်ကွပ် ကဲမယ့် စစ်တိုင်းဒေသထဲမှာပါတဲ့ စစ်ဆင်ရေးနယ်မြေတ
ချို့ကိုစောင့်ကြည့်ရမှာပေါ့။ ကျန်တာတော့ထုံးစံတိုင်း သူစိတ်မချရတဲ့သူဆိုအနားပေးတာမျိုး၊ ဂျောင်ထိုးတာမျိုးရှိကော
င်းရှိနိုင်ပါတယ်” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ခန့်ကိုက သုံးသပ်ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီတပ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် DSAအပတ်စဉ် ၁၉ အကြီးဆုံးဖြစ်ပြီး ၊ ဒု-ဗိုလ်ချုပ်ကြီးအ
ဆင့်များသည် DSA အပတ်စဉ် ၂၆ မှ ၃၅ အကြားဖြစ်ပြီး စစ်တိုင်းမှူး ဗိုလ်ချုပ်အဆင့်များ သည် DSA အပတ်စဉ် ၃၈ ဝန်းကျင်များဖြစ်သည်။
ယခုဇွန်လဆန်းပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ဘက်နှင့်နယ်ဘက် ထိပ်ပိုင်းရာထူး ၃ နေရာရယူခဲ့သူ ဒု-ဗိုလ်ချုပ်ြ
ကီး သန်းလှိုင် ကို စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အား လုံးရုတ်သိမ်းပြီး အ
နားပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံကသိရသည်။
ဟိန်းစံ/ဧရာဝတီတိုင်းမ်