လူမှုရေးရာမှာ ထူးမြတ်တဲ့ သူရဲကောင်း ဇနီးမောင်နှံရဲ့ ထူးခြားတဲ့ မင်္ဂလာဆောင်ပွဲ

News

လူမှုရေးရာမှာ ထူးမြတ်တဲ့ သူရဲကောင်း ဇနီးမောင်နှံရဲ့ ထူးခြားတဲ့ မင်္ဂလာဆောင်ပွဲ

နာရေးဆိုလျှင် အများကမင်္ဂလာ မရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟုထင်မြင်ကြပြီးဝေးဝေးပြေးကြပြန်တယ်။အမှန်တော့ ဒါတွေကိုမေတ္တာ၊

ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာ ဖြစ်ပါသည်။(စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင်

မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့သည်

မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ် နေသူဖြစ်သည်

မင်္ဂလာအခမ်းအနားပြီးပြီးချင်းမွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအားမင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည်

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူအထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံးမင်္ဂလာကို ကူညီဖေးမ ရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့ နီးတူ

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာအခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကိုသတို့သား၊ သတို့သမီးဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံ များသည်လည်း များစွာရှိခဲ့ပြီး ဖြစ်သည်။ အချို့သော နာမည်ကြီးဟိုတယ်/ စားသောက်ဆိုင်များရှိ

မင်္ဂလာအခမ်းအနားကျင်းပရာတွင်လည်း မိမိတို့အားဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများ အစားလူမှုရေး အသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရား လေးပါးအားလက်ကိုင် ပြုကာ

မြင့်မြတ်သော ကုသိုလ်ရေး ကိစ္စများကို လုပ်ဆောင်ကြသည့်မင်္ဂလာဇနီး မောင်နှံများအား လူမှုရေးသူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။လေးစားလွန်းလို့ ပို့ဟောင်း ပြန်လည်မျှဝေခြင်းပါ။

Credit- Original writer

Leave a Reply

Your email address will not be published.