အချစ်ဆိုသောအဓိပ္ပါယ်ကို လူတိုင်းက မိမိ၏ထင်မြင်ယူဆချက်တွေနဲ့ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုနေကြပါတယ်။သေချာတာကတော့ ကမ္ဘာပေါ်ရှိတစ်ဦးတစ်ယောက်မကျန်လူတိုင်းသည် အချစ်ကိုခံစားဖူးကြသည်။
သို့သော်အချို့သော လူများသည် အချစ်၏ကြည်နူးမှုတွေကို ခံးစားလိုသော်လည်း သူတစ်ပါး၏အဖက်မလုပ်ခြင်းကို ခံရကာ အချစ်ငတ်နေကြရသည်။ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် အကိုဖြစ်သူကရည်းစားအလွန်လိုချင်နေတာကိုသိနေခဲ့သည်။ထို့ကြောင့် အကောင့်အတုဖြင့်အကိုကို စကားသွားပြောပြီးဂျင်းထည့်ခဲ့ပါတယ်။
ထိုအခါအကိုဖြစ်သူကတော့ ကောင်မလေးရတော့မယ်ထင်ပြီး ဖုန်းကိုလက်ကမချနိုင်ဖြစ်နေတဲ့ပုံကိုလည်း ညီမဖြစ်သူကဆေးထိုးပြီး လိုင်းပေါ်တင်ခဲ့ပါတယ်။အဖြစ်မှန်သိရင်တော့ ညီမဖြစ်သူကိုအကိုက အတော်လေးဒေါသထွက်နေမှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
ဘယ်သူမှပြန်မကြိုက်လို့ ရည်းစားမထားဖူးသည့်အကိုဖြစ်သူကို အကောင့်အတုဖွင့်ပြီး စကားသွားပြောကာ ဖုန်းကိုလက်ကမချနိုင်အောင် ဆေးထိုးပေးလိုက်သည့်ညီမငယ်
Shoon (Cele Daily)