မွေးကင်းစအရွယ်ကတည်းက ရှိနေမှန်းတောင်မသိဘဲ ကွဲကွာခဲ့ရတဲ့ ၁၀ နှစ်အရွယ်အမွှာညီအစ်မတို့ရဲ့ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့တဲ့အခိုက်အတန့် (ရုပ်သံ)

News

အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှ Audrey Doering အမည်ရှိကလေးမလေးနှင့် အမေရိကန် Washington ပြည်နယ်မှ Gracie Rainsberry အမည်ရှိကလေးမလေးတို့ဟာ မွေးစကတည်းက ကွဲကွာနေတဲ့ အမွှာညီအစ်မများဖြစ်ပြီး ၎င်းတို့ဟာ တိုက်ရိုက် TV show တစ်ခုမှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့တဲ့အခါ အင်တာနက်သုံးစွဲသူများစွာကို မျက်ရည်ကျသွားစေခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါး ကွဲကွာသွားခဲ့ကြပြီးနောက် အသက် ၁၀နှစ်အရွယ်အမွှာညီအစ်မတို့ ပြန်လည်တွေ့ဆုံပြီး အချင်းချင်းပွေ့ဖက်ခဲ့ကြတဲ့ ၎င်းစိတ်ခံစားမှုဖြစ်တဲ့အခိုက်အတန့်ကို Good Morning America အစီအစဉ်မှာ ရိုက်ကူးထားခဲ့ခြင်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးစလုံးကို တရုတ်နိုင်ငံမှ အမေရိကန်ရှိ မတူညီတဲ့မိသားစုများက မွေးစားခဲ့ကြပြီး ၎င်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့တည်ရှိမှုကိုတော့ မသိထားခဲ့ကြပါဘူး။

သို့ပေမဲ့ Audrey က သူမရဲ့ဘ၀မှာ “တစ်စုံတစ်ယောက် ပျောက်ဆုံးနေတယ်” ဟု အမြဲခံစားခဲ့ရကြောင်းဆိုခဲ့ပြီး “ အခုတော့ ပြီးပြည့်စုံသွားပြီ၊ သမီးရဲ့မိဘတွေက သမီးကို ဟာသလုပ်နေတယ်လို့ဘဲ ထင်နေခဲ့တာ” လို့ မျက်ရည်တွေကို သုတ်ရင်း ပြောခဲ့ပါတယ်။

Audrey ရဲ့မိခင်ဖြစ်သူ Jennifer Doering ဟာ အွန်လိုင်းပေါ်မှာ သူမသမီးရဲ့အမြွှာကလေးဓာတ်ပုံတစ်ပုံကို ရှာတွေ့ခဲ့ပြီးနောက် သူမရဲ့မွေးစားသမီးလေးဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေကြောင်းကို ပထမဆုံးသဘောပေါက်ခဲ့ရပါတယ်။

ထို့နောက် တရုတ်နိုင်ငံမှ သုတေသီတစ်ဦးရဲ့အကူအညီဖြင့် Jennifer ဟာ သိပ်မကြာခင်မှာဘဲ Facebook တွင် Gracie ၏မိခင်ဖြစ်သူ Nicole Rainsberry နှင့် အချိတ်အဆက်မိသွားခဲ့ပါတယ်။

Jennifer က ” သင့်ကလေးနဲ့တစ်ပုံစံတည်းတူတဲ့ကလေးကို သေချာကြည့်ရတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အရူးအမူးဆုံးအရာပဲ၊ ကျွန်မဆိုလိုတာက သူတို့ရဲ့အရာအားလုံးက အကုန်တူနေတယ်၊ ဆံပင်တူ၊ မျက်မှန်တူ၊ ၀တ်ဆင်တူပြီး အမူအရာပါတူနေကြတယ်၊ ဒီပုံလေးကိုရလိုက်တာနဲ့ တခြားကလေးက ဘယ်သူလဲဆိုတာသိဖို့ ကျွန်မ အတော်လေးစိတ်အားထက်သန်နေခဲ့ရတယ်” ဟုပြောကြားခဲ့ပါတယ်။

“ သူတို့နှစ်ယောက်ရှိနေတာက တကယ်ဖြစ်နိုင်ပါ့မလားလို့ ကျွန်မတွေးခဲ့ရသလို ကျွန်မ အဲ့ဒီအချက်အလက်ကို စီမံဖို့လည်း ခက်ခဲခဲ့ရတယ်၊ Audrey က Gracie နဲ့တူတာကိုကြည့်ရတာရူးချင်စရာကောင်းပေမယ့် Audrey က Gracie မဟုတ်နေပြန်ဘူး ” လို့ Jennifer က ဆက်ပြောခဲ့ပါတယ်။

နောက်ဆုံး သူမရဲ့အမွှာညီမကို ပြန်လည်မိတ်ဆက်ပေးပြီးတဲ့နောက်မှာ Gracie က “ အရမ်းကို ကြည်နူးပြီး လွမ်းစရာကောင်းပါတယ်” လို့ပြောခဲ့ပြီး ၎င်းတို့ညီအစ်မက သူမတို့ရဲ့ နှလုံးသားထဲမှာ “ ချစ်ခြင်းမေတ္တာ” တွေနဲ့ပြည့်​နေတယ်လို့လည်းပြောကြားခဲ့ကြပါတယ်။

နောက်ဆုံး Gracie နှင့် Audrey တို့ ပြန်လည်အချိတ်အဆက်မိခဲ့ကြပြီးနောက်မှာ ၎င်းတို့နှစ်ဦးစလုံးဟာ အမွှာညီအစ်မပီပီ ခေါက်ဆွဲ၊ ပီဇာ၊ French fries နှင့် သင်္ချာဘာသာရပ် စတဲ့အလားတူအရာများကိုလည်း သဘောကျနှစ်သက်ကြတာကို တွေ့ရှိခဲ့ရပါတယ်။

Mia (KB Chimmy One)

Reference :

Leave a Reply

Your email address will not be published.