ဒေါ်အောင်ဆန်းစုကြည်သည် နွေဦးတော်လှန်ရေး ခေါင်း ဆောင် ဖြစ်ကြောင်း NUG သမ္မတပြော

News

ဧရာဝတီ၊ ဇွန် ၁၉၊ ၂၀၂၂

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နွေဦးတော်လှန်ရေးအတွက် ခေါင်းဆောင်ဖြစ်သကဲ့သို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်ညကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

ယာယီသမ္မတအနေဖြင့် ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အမှတ် တရအဖြစ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်သည့် ပြည်သူများကြောင့် နွေဦးတော်လှန်ရေးအား အရှိန်အဟုန် ကောင်း ကောင်းဖြင့် စတင်နိုင်သည့်အပြင် ၎င်းလွတ်မြောက်ရေးအတွက် တော်လှန်ရေးနိုင်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်ကို တွေ့ရကြောင်းလည်း ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူအပေါ် ဗဟိုပြုမှု၊ စွန့်လွှတ် အနစ်နာခံမှု၊ တိုင်းပြည်ချစ်စိတ်များသည် မြန်မာပြည်သူအားလုံး၏ စံနမူနာထားစရာဖြစ်ပြီး ဒီမိုကရေစီပြယုဂ် ဖြစ်ကြောင်း၊ စစ်အာဏာရှင်များ၏ ဆို ရှယ်လစ်အမည်ခံ ခေတ်ပျက် နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်ပြီး ပြည်သူလူထု၏ အသိဉာဏ် ဖျက်ဆီး (Brainwash) လုပ်ခဲ့ကြသော်လည်း ဒီမိုကရေစီ အနှစ်သာရနှင့် ဒီမိုကရေစီလူ့ယဉ်ကျေးမှု၏ အားသာချက်များကို ပြည်သူ များ သိမြင်နားလည်အောင်ချပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အလွန် အခရာ ကျခဲ့ကြောင်းလည်း ဆိုထားသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး “အသက် ၇၇နှစ် ပြည့်ပြီဆိုပေမယ့် သက်တမ်း ၃ ပုံရဲ့ ၁ ပုံလောက်ကို အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုကို ခံခဲ့ရလို့ လွတ်လပ်မှုဆိုတာ ဘယ်‌လောက်မြတ်နိုးဖို့ ကောင်းသလဲဆိုတာ သူက ပိုနား လည်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၆၀ကျော် အာဏာရှင်တွေအောက်မှာ ချုပ်နှောင်ခံထားရတဲ့ တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရဖို့ ပြည်သူတွေ လွတ်လပ်ခွင့်ရဖို့ သူ့အသက်တာကို ပုံအပ် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အကြောက်တရားကနေ ကင်းလွတ်ပြီး လွတ်မြောက်ခြင်း တရားရဖို့ ရှေ့ဆောင် လမ်းပြခဲ့သူ ဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာနိုင်ငံအား အာဏာရှင်များ လက်အောက်မှ လွတ်မြောက်နိုင်ရန်နှင့် တိုင်း ရင်းသားများ အားလုံး တန်းတူညီမျှ အခွင့်အရေး အပြည့်အဝရရန် ကျောသား ရင်သား မခွဲခြားဘဲ ဦးဆောင်လမ်းပြနိုင်သည့် ခေါင်းဆောင်တဦး ဖြစ်ပါစေကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ဆုတောင်းပေးခဲ့သည်။

ဓာတ်ပုံ- Acting President Duwa Lashi La

ဓာတ္ပုံ- Acting President Duwa Lashi La

Leave a Reply

Your email address will not be published.