အင်းစိန်းဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအင်အားစုတွေက အရေးပေါ်ကြေညာချက် ထုတ်ပြန်

News

<

ဇွန် ၁၉ ၊ ၂၀၂၂

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအင်အားစုတွေက ဒီနေ့ရက်စွဲနဲ့ အရေးပေါ်ကြေ ညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖြစ်ပွားလျက်ရှိတဲ့ ထောင်တွင်းညဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင်များအက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်ပြီး ဥပဒေမဲ့ ဆောင်ရွက်နေတာတွေ၊ သေဒဏ်အမိန့်ချမှတ်ခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၄) ဦးအား သေဒဏ်အတည် ပြုမိန့်နဲ့ ကြိုးပေးကွပ်မျက်ရန် စီစဉ်နေတဲ့ အခြေအနေတွေအပေါ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအင်အားစု တွေက ထုတ်ပြန်ခဲ့တာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တောင်းဆိုချက်တွေထဲမှာ အချက် ၅ ချက်ကို အဓိကတောင်းဆိုထားတာ တွေ့ရပြီးတော့ အဲဒါတွေကတော့ လုံလောက် တဲ့ ကျန်းမာရေးပြုစုမှုမပါရတာအပါအဝင် မိသားစုဝင်တွေက ပေးပို့တဲ့ သင့်လျော်တဲ့ဆေးဝါးတွေကို မထုတ်ပေးဘဲ သိမ်းထားတာ၊ နိုင်ငံရေးအင်အားစုတွေကို ကျွေးမွေးတဲ့ အကျဉ်းထောင်ရိက္ခာထမင်းဟင်းတွေက အလွန်ညံဖျင်းပြီး အရေအသွေးမမီတဲ့အပြင် ရိက္ခာအမယ်၊ နှုန်းထား၊ တန်ဖိုးနဲ့ ညီညွတ်ခြင်း မရှိလို့ လုံလောက်တဲ့ အာဟာရမရရှိတာ၊ သောက်ရေနဲ့သုံးရေးကို လုံလုံလောက်လောက် စီစဉ်မပေးဘဲ ရေသန့်စက်ရှိပါလျက်နဲ့ ရေအရည်အသွေး ညံဖျင်းတဲ့ သောက်ရေ၊ သုံးရေတွေကို အသုံးပြုစေတာနဲ့ တချို့အိမ်ဆောင်တွေကို ရေပေးဝေခြင်းမပြုဘဲ တမင်ဖြတ်တောက်ထား တာ၊ နိုင်ငံရေးအင်အားစုတွေအပေါ် ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အကျဉ်းထောင်အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့ လက် ပါးစေ ရာဇဝတ်အကျဉ်းသားတွေက လူစုလူဝေးနဲ့ ရိုက်နှက်တာ၊ တိုက်ပိတ်ပြစ်ဒဏ်ပေးတာ၊ ရာဇဝတ်အကျဉ်းသားတွေ နဲ့ ရောက်နှောထားပြီးတော့ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်ခိုင်းတာနဲ့ ဦးဂျင်မီ(ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်(ခ) ဦးကျော်၊ ဦးလှမျိုးအောင်(ခ)ဦးဝက်ကြီး၊ ဦးအောင်သူရဇော်(ခ) ဦးဂတုံး တို့ကို ဥပဒေနဲ့အညီ ခုခံကာကွယ်ပိုင်ခွင့်မပေးဘဲ စစ်ခုံရုံးမှာ အကျဉ်းနည်းနဲ့ စစ်ဆေးပြီး သေဒဏ်အမိန့်ချမှတ်တာတွေကို ကန့်ကွက်တယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဒါအပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ရည်ရွယ်ရာ နိုင်ငံရေးပန်းတိုင်ရောက်တဲ့အထိ ရဲဝင့်ပြတ်သားစွာနဲ့ ဆက်လက်ရပ်တည်ချီတက်ကြမယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အကျဉ်းထောင်ပြင်ပရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းတွေ (EAOs)၊ အခြားသော မိတ်ဖက်နိုင်ငံရေးအင်အားစုတွေ အားလုံးအနေနဲ့လည်း အကျဉ်းထောင်အသီးသီးမှာ ဖြစ်ပွားလျက်ရှိတဲ့ ထောင်တွင်းညဉ်းပန်းနှိပ်စက်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်စေဖို့နဲ့ နိုင်ငံရေးအင်အားစု အချုပ်သားအကျဉ်းသားတွေအပေါ် အကျဉ်းထောင်များအက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေပါ ပြဌာန်းချက်များနဲ့အညီ ပြုမူဆက် ဆံစေရေးကို အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး ဦးစား ပေးဆောင်ရွက်ပေးကြပါရန်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ထောင်တွင်းညဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များအား ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများနဲ့အညီ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ပေးကြရန် အလေးအနက် တောင်းဆိုအပ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။PVTV

Leave a Reply

Your email address will not be published.