အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Fulgurite ဆိုတာဟာ ရိုးရိုးရှင်းရှင်းပြောရရင်( မိုးကြိုးသွား)ကိုခေါ်ဆိုတာပါ။ ကျွန်တော်တို့ဟာ ကလေးဘဝကနေ သိခဲ့တာကတော့ မိုးကြိုးသွားဆိုတာ
(ပုဆိန်)နဲ့ ဆင်တူတယ်လို့ပြောကြတယ်။တကယ်တမ်း မိုးကြိုးသွားဆိုတာဟာ ပုဆိန်နဲ့လည်းမတူသလို ချွန်ထက်တဲ့အရာနဲ့ ကောင်းကင်ကနေတဆင့်
မြေပြင်ကမ္ဘာ့သို့ ပစ်ချလိုက်တာလည်းမဟုတ်ဘူးနော်။ မိုးကြိုးပစ်တယ်ဆိုတာ အီလက်ထရစ် ရှော့ခ်ရိုက်လိုက်တာလို့ဆိုလိုနိုင်တယ်နော်။
တနည်းအားဖြင့်ဆိုရင် လျှပ်စီးလက်ခြင်း( Lightning strikes ) လို့လည်းခေါ်ဆိုတာပါ။သာမာန် မိုးခြိမ်းပြီးတော့ ပုံမှန်လျှပ်စီးလက်တာဟာ
ဘာမှမဖြစ်ပေမဲ့လည်း ရာသီဥတုအလွန်ပူပြင်းတဲ့ဒေသမှာ သာမာန်ထက်ပိုသောအပူရှိန်ဖြင့်လျှပ်စီးလက်ခြင်းဟာ
လူ၊ တိရိစ္ဆာန် သတ္တဝါများနှင့်အပင်များကိုထိ့မှန်ပါက အသက်သေဆုံးနိုင်ပြီးတော့ အပူရှိန်ကြောင့်မီးလောင်တာတွေလည်းဖြစ်နိုင်တာပါ။
မိုးကြိုးသွား ဟု ထင်မြင်ယူဆထားသည့်အရာများဟာ ကောင်းကင်က ကျရောက်လာတဲ့အရာများမဟုတ်ပါ၊ဘူးနော်။
ဥပမာဆိုရင်မာကြောခက်ထန်တဲ့အရာပေါ်သို့ မိုးကြိုးလျှပ်စီးထိ့မှန်ပါက မှိုင်းကပ်၊မှိုင်းစွဲရုံကလွှဲပြီးးတော့ မိုးကြိုးသွားဆိုတာကိုရှာမတွေ့နိုင်ပါ။
ဥပမာ ပင်လယ်ကမ်းခြေ၊ ဖန်ချက် ဆီလီကာ သဲသောင်ပြင်များပေါ်၌ မိုးကြိုးပစ်ချခံရပါက ထိုနေရာ၌ လျှပ်စီးအပူချိန်ကြောင့် ဖန်ချက် ဆီလီကာ သဲများဟာ အရည်ပျော်ပြီးတော့
ယခုပုံပါအတိုင်း ဖြစ်တည်လာတာပါ။အရောင်အားဖြင့်လည်းမတူညီပါ၊အသွင်သဏ္ဍန်အားဖြင့်လည်းမတူညီပါဘူး။ဒါ့ကြောင့်ဘဲ မိုးကြိုးသွားဆိုတာ မရှိဘူးမဟုတ်ဘူး။
ရှိတယ်..အချို့ဟာ ပုဆိန်ပုံသဏ္ဍန်ဖန်တီးပြီးတော့ မိုးကြိုးသွားဟုပြောဆို၍ ဆေးကုစားနေတဲ့ လူလိမ်တွေလည်းရှိနေတာပါ။
source;နော်ဂဲလယ်ထူး(စာပေပရဟိတ) Credit
Unicode

source;နော်ဂဲလယ်ထူး(စာပေပရဟိတ)
Credit