လောင်စာဆီပမာဏ (၅)ရက်စာသာကျန်တော့တဲ့ သီရိလင်္ကာနိုင်ငံ
သီရိလင်္ကာရဲ့လောင်စာဆီပမာဏဟာနောက်ထပ်ငါးရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကပြောကြားပါ
တယ်။
နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်တွေမှာလူအများတန်းစီးပြီး အချိန်အကြာကြီးစောင့်ဝယ်ယူနေရတာတွေနဲ့အတူသီရိလင်္ကာရဲ့ ပြင်းထန်တဲ့
လောင်စာဆီပြတ်လပ်မှုဟာအခုသီတင်းပတ်အတွင်းပိုပြီးဆိုးရွားလာပါတယ်။
လက်ကျန်လောင်စာဆီပမာဏဟာကားတွေ၊စက်မှုလုပ်ငန်းအချို့နဲ့ မရှိမဖြစ်ဝန်ဆောင်မှုတွေအတွက်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက
ပြောကြားပါတယ်။ လွန်ခဲ့တဲ့တစ်လကမိမိတို့နိုင်ငံမှာ ဓာတ်ဆီတစ်ရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ကပြော
ကြားခဲ့ပါတယ်။
သီရိလင်္ကာဟာဝယ်ယူထားတဲ့ကုန်ပစ္စည်းတွေအတွက်ပေးဖို့ရှိနေတဲ့ကန်ဒေါ်လာ ၇၂၅သန်းကို မပေးချေနိုင်ဖြစ်နေပြီး အနာဂတ်ကုန်တင်
သွင်းမှုတွေအတွက်ချေးငွေရယူဖို့လည်းအခက်ကြုံနေကြောင်းလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကန်ချာနာကပြောကြားပါတယ်။
မသွားမဖြစ်မဟုတ်တဲ့ ခရီးစဉ်တွေကိုမလျှော့ချဘူးဆိုရင်မိမိတို့လောင်စာဆီကုန်ဆုံးမှုဟာပိုပြီးမြန်မြန်ကုန်လာ မှာဖြစ်ကြောင်း ကန်ချာနာ
ကပြောကြားပါတယ်။သီရိလင်္ကာအစိုးရဟာအိန္ဒိယအစိုးရဘဏ်တစ်ခုကနေ ချေးငွေကန်ဒေါ်လာသန်း ၅၀၀ရရှိထားပြီးလာမယ့်သီတင်းပတ်
အနည်းငယ်အတွင်းလောင်စာတင်ပို့မှုတွေရောက်ရှိလာမယ်လို့မျှော်လင့်ကြောင်းသူကပြောကြားပါတယ်။
သီရိလင်္ကာဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းအဆိုးရွားဆုံးစီးပွားရေးပြဿနာနဲ့ရင်ဆိုင်နေရကာမရှိမဖြစ်လိုအပ်တဲ့နေစဉ်သုံးပစ္စည်းတွေ
လည်း ပြတ်လပ်နေပါတယ်။ Crd
လောင်စာဆီပမာဏ (၅)ရက်စာသာကျန်တော့တဲ့ သီရိလင်္ကာနိုင်ငံ
သီရိလင်္ကာရဲ့လောင်စာဆီပမာဏဟာနောက်ထပ်ငါးရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကပြောကြားပါတယ်။
နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်တွေမှာလူအများတန်းစီးပြီး အချိန်အကြာကြီးစောင့်ဝယ်ယူနေရတာတွေနဲ့အတူသီရိလင်္ကာရဲ့ ပြင်းထန်တဲ့လောင်စာဆီပြတ်လပ်မှုဟာအခုသီတင်းပတ်အတွင်းပိုပြီးဆိုးရွားလာပါတယ်။
လက်ကျန်လောင်စာဆီပမာဏဟာကားတွေ၊စက်မှုလုပ်ငန်းအချို့နဲ့ မရှိမဖြစ်ဝန်ဆောင်မှုတွေအတွက်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနကပြောကြားပါတယ်။ လွန်ခဲ့တဲ့တစ်လကမိမိတို့နိုင်ငံမှာ ဓာတ်ဆီတစ်ရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
သီရိလင်္ကာဟာဝယ်ယူထားတဲ့ကုန်ပစ္စည်းတွေအတွက်ပေးဖို့ရှိနေတဲ့ကန်ဒေါ်လာ ၇၂၅သန်းကို မပေးချေနိုင်ဖြစ်နေပြီး အနာဂတ်ကုန်တင်သွင်းမှုတွေအတွက်ချေးငွေရယူဖို့လည်းအခက်ကြုံနေကြောင်းလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကန်ချာနာကပြောကြားပါတယ်။
မသွားမဖြစ်မဟုတ်တဲ့ ခရီးစဉ်တွေကိုမလျှော့ချဘူးဆိုရင်မိမိတို့လောင်စာဆီကုန်ဆုံးမှုဟာပိုပြီးမြန်မြန်ကုန်လာ မှာဖြစ်ကြောင်း ကန်ချာနာကပြောကြားပါတယ်။သီရိလင်္ကာအစိုးရဟာအိန္ဒိယအစိုးရဘဏ်တစ်ခုကနေ ချေးငွေကန်ဒေါ်လာသန်း ၅၀၀ရရှိထားပြီးလာမယ့်သီတင်းပတ်အနည်းငယ်အတွင်းလောင်စာတင်ပို့မှုတွေရောက်ရှိလာမယ်လို့မျှော်လင့်ကြောင်းသူကပြောကြားပါတယ်။
သီရိလင်္ကာဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းအဆိုးရွားဆုံးစီးပွားရေးပြဿနာနဲ့ရင်ဆိုင်နေရကာမရှိမဖြစ်လိုအပ်တဲ့နေစဉ်သုံးပစ္စည်းတွေလည်း ပြတ်လပ်နေပါတယ်။ Crd