ဇနီးဖြစ်သူမှ နိုင်ငံခြားမှာ အိမ်ဖော်လုပ်ရင်း ထည့်လာပေးသော ပိုက်ဆံများကို မဖြုန်းပစ်ပဲ ချွေတာစားသောက်ကာ စုဆောင်းထားပေးခဲ့သည့် အမျိုးသားတစ်ဦး

News

>

ဖိလစ်ပိုင်နိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် ဇနီးနှင့် သားသမီးနှစ်ယောက်ရှိသော်လည်း ဒေသတွင် အလုပ်ရှားပါးသည့်အတွက် စားဝတ်နေရေးအတွက် အရမ်းခက်ခဲခဲ့သည်။

ထို့ကြောင့် ဇနီးဖြစ်သူသည် နိုင်ငံခြားသို့သွားရောက်ကာ ငွေရှာမည်ဟု ခင်ပွန်းထံ ခွင့်တောင်းခဲ့ပြီး ထွက်သွားခဲ့ရာ အိမ်မှာကလေးနှစ်ယောက်နှင့် အတူကျန်ရစ်ခဲ့သည်။

ဇနီးဖြစ်သူသည် နိုင်ငံခြားတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့ပြီး လစဉ် ခင်ပွန်းနှင့် ကလေးနှစ်ယောက်ထံ ငွေများပို့ပေးခဲ့ရာ အလိုက်သိတတ်သော ခင်ပွန်းသည် ပို့လာသောငွေများကို အတတ်နိုင်ဆုံး ချွေတာသုံးခဲ့ပြီး ရသလောက် စုဆောင်းထားခဲ့သည်။

ထို့နောက် ၅နှစ်အကြာတွင် ဇနီးဖြစ်သူမှ မွေးရပ်မြေသို့ ပြန်လာချိန်တွင် သူမခင်ပွန်းမှာ ရှာရသမျှငွေများကို အကုန်မသုံးပစ်ပဲ စုဆောင်းထားသည်ကို သိရှိခဲ့၍ အင်မတန်မှဝမ်းသာသွားကာ သူတို့မိသားစုအတွက် အိမ်ကောင်းကောင်းလေးတစ်လုံး ဆောက်လုပ်ခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

Leave a Reply

Your email address will not be published.