သာမန်မိန်းကလေးတစ်ဦးကနေ လှပကျော့ရှင်းတဲ့အမျိုးသမီးအဖြစ်သို့ပြေားလဲကာ ဝေဖန်သူများအား ချိုမြိန်စွာ ကလဲ့စားချေပြလိုက်တဲ့ မိန်းကလေး

News

သာမန်မိန်းကလေးတစ်ဦးကနေ လှပကျော့ရှင်းတဲ့အမျိုးသမီးအဖြစ်သို့ပြေားလဲကာ ဝေဖန်သူများအား ချိုမြိန်စွာ ကလဲ့စားချေပြလိုက်တဲ့ မိန်းကလေး
ဖိလစ်ပိုင်နိုင်ငံရှိ Krizia Jewel V. Silverio အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့ဓာတ်ပုံများကို Facebook စာမျက်နှာတစ်ခုကနေ သူမဟာ ရိုးရှင်းတဲ့မိန်းကလေးတစ်ယောက်ကနေ လှပကျော့ရှင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာပုံကို ပြန်လည်မျှဝေခဲ့ပါတယ်။ သူမဟာ Baliuag တက္ကသိုလ်က ကျောင်းသူတစ်ဦးဖြစ်ပြီး Facebook page များပေါ်မှာ ဖိလစ်ပိုင်လူမျိုးများပြုလုပ်လေ့ရှိတဲ့ “ crab mentality ” အလေ့အထများကိုထင်ဟပ်စေတဲ့ စာတန်းများနှင့်အတူ Krizia ဟာ သူမရဲ့ပြောင်းလဲသွားတဲ့ဓာတ်ပုံများကိုပါ တင်ပေးခဲ့ပါတယ်။

“ crab mentality ” က အပျက်သဘောဖြင့်ပြန်ပြောဆိုခြင်းကို ဆိုလိုတာပါ။ Krizia ဟာ သူမရဲ့ဓာတ်ပုံတစ်ပုံချင်းစီမှာ အခြားသူများက ဘယ်လိုရှုမြင်ကြပါစေ “ မင်းတို့ဖြစ်စေချင်တာကိုမဖြစ်ဖို့သည်းခံလိုက်ပါ ”လို့လည်း ရေးသားထားခဲ့ပါတယ်။

ယခင်က Krizia ဟာ အပြင်ထွက်လိုက်တိုင်း သူမရဲ့မညီညာတဲ့သွားများကြောင့် မြင်သူတိုင်းက သူမကို လှောင်ပြောင်ခဲ့ကြပြီး သူမလိုလူတွေက ဘဝမှာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။

ထို့ကြောင့် Krizia ဟာ သွားညီအောင် သွားထိန်းတဲ့ကိရိယာကိုတပ်ပြန်တော့လည်း မြင်သူတိုင်းက သူမအဲဒါကိုတပ်ထားတဲ့ရည်ရွယ်ချက်အမှန်ကို မသိဘဲ သူမအား ချမ်းသာလို့အလှတပ်ကြွားတာလို့ ပြောဆိုခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

သို့ပေမဲ့ လက်ရှိမှာတော့ Krizia ဟာ သွားထိန်းညှိတဲ့ပစ္စည်းတွေမပါတော့ဘဲ လှပကျော့ရှင်းတဲ့မိန်းကလေးအဖြစ် ပြောင်းလဲသွားခဲ့ပုံကို မျှဝေကာ လူအများအား ဝေဖန်တိုင်းမကောင်းကြောင်း သက်သေပြခဲ့ပါတယ်။

ထို့ပြင် netizen များစွာက သူမအား အားပေးချီးကျူးစကားပြောခဲ့ကြပြီး “ မင်းကိုဘယ်လိုဘဲဆိုးဆိုးဝါးဝါးဆက်ဆံနေပါစေ မင်းအပေါ်မကောင်းတဲ့အရာတွေပြောနေပါသေ အဲဒါတွေအားလုံးက မင်းအပေါ်ဘယ်တော့မှထိခိုက်မှာမဟုတ်ဘူး၊ အဲဒီအစား မင်းအောင်မြင်ဖို့အတွက် သူတို့ကို အတုယူစရာအဖြစ် ယူလိုက်ပါ ၊ အလှအပက မှေးမှိန်သွားနိုင်ပေမဲ့လည်း စိတ်ကောင်းနှလုံးကောင်းက ထာဝစဉ်တည်ရှိနေမှာပါ” ၊ “ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်အနေနှင့် အဲ့ဒီအရာကို လက်ခံဖို့ ခဲယဉ်းလှတယ် ” ၊ “ မင်းက သူများတွေထင်နေသလိုမဟုတ်ပါဘူး ၊ သူတို့ကမင်းနာမည်ကိုသိတာမှန်ပေမယ့် မင်းကဘယ်လိုလူလဲဆိုတာကို အတိအကျမသိပါဘူး ၊ ငါတို့အားလုံးက ဘုရားသခင့်ရဲ့ပုံသဏ္ဌာန်နှင့်အလားတူပြီး ဖန်ဆင်းခံခဲ့ရတယ် ၊ ဘုရားသခင်က မလှပတဲ့အရာတစ်စုံတစ်ခုကိုမှ မဖန်ဆင်းပေးခဲ့ပါဘူး၊ လှပတဲ့မျက်နှာက မှေးမှိန်သွားနိုင်ပေမဲ့လည်း ကောင်းမွန်တဲ့စိတ်နှလုံးသားက ထာဝစဉ်တည်တံ့နေတယ်၊ ဘုရားသခင်က မင်းရဲ့ရုပ်သွင်ကို မကြည့်ဘဲနှလုံးသားကိုဘဲ ကြည့်တာပါ ” ဟုစတဲ့မှတ်ချက်များစွာဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ၊ သူတစ်ပါးရဲ့ အသွင်အပြင်ကိုဝေဖန်ရှုတ်ချတာက အလွန်ကို ရှက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပြီး ၎င်းက သင့်ရဲ့စိတ်နေသဘောထားကို ထင်ဟပ်နေစေပါတယ်။

Mia (KB Chimmy One)

Reference : rachfeed

Leave a Reply

Your email address will not be published.