ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်အားပေးချစ်ခင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လက်ရှိမှာလည်း အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် လူမှုကွန်ယက်ကနေ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရောင်းပေးနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် မောင်နှမအရင်းတွေလို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်နေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း နှစ်ယောက်အတူ ရယ်မောပျော်ရွှင်စရာ ဟာသ ဗီဒီယိုလေးတွေရိုက်ပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာတော့ ကျော်ကျော်က ပရိသတ်တွေ ချစ်အားပိုစေမယ့် tik tok ဗီဒီယို လေးကို တင်ပေးလာခဲ့ပါတယ်။
<
ဒီတစ်ခါမှာလည်း သူငယ်ချင်းနှစ်ယောက်အတူ တစ်ယောက်နဲ့တစ်ယောက် အပြိုင်ကပြီး အခွီလုပ်ကာ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူငယ်ချင်းနှစ်ယောက် ပျော်ပျော်ပါးပါး ကနေကြတာလေးတွေကို သဘောကျပြီး ရယ်မောစေမယ်လို့လည်း မျှော်လင့်မိပါတယ်။ သူငယ်ချင်းနှစ်ယောက် အပြိုင် ဆော့ထားတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး တို့ရဲ့ tik tok လေးကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေလိုက်ပါတယ်။
CRD – Myanmarload
Zawgyi
ဆုမြတ်နိုးဦး နဲ့အတူ အကွက်မျိုးစုံ ထုတ်သုံးပြီး အပြိုင်ကထားတဲ့ ကျော်ကျော်ရဲ့ အခွီ ဗီဒီယို