၂၀၂၂တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးပထမကို မန္တလေး(အထက-၁၆ )ချမ်းအေးသာဇံ မြို့နယ်ကရရှိ

News

၂၀၂၂တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဒီကနေ့မနက်ပိုင်းကထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးပထမအမှတ်အများဆုံးအနေနဲ့ ဘာသာစုံဂုဏ်ထူးရ အမှတ်ပေါင်း ၅၅၈မှတ်နဲ့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် အထက-၁၆ ကျောင်းမှ

ကျောင်းသူတစ်ဦးရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။တစ်နိုင်ငံလုံးစာမေးပွဲဖြေဆိုသူအရေအတွက်၂၈၁၇၅၁ဦးရှိခဲ့ရာဖြေဆိုအောင် မြင်သူဦးရေမှာ ၁၃၂၀၇၇ဦးရှိခဲ့တာကြောင့်

၂၀၂၂ခုနှစ်ရဲ့အောင်ချက်ရာခိုင်နှုန်းမှာ၄၆.၈၈ ရာခို င်နှုန်းနဲ့ပြီးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲများထက်အောင်ချ က်အကောင်းဆုံးနှစ်ဖြစ်ကြောင်း ပညာရေးဌာနကသိရပါတယ်။၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲရဲ့အောင်ချက်ရာခိုင်နှုန်းအများဆုံးဖြစ်တဲ့မွန်ပြည်နယ်မှာတော့

စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိတဲ့အထဲ ၆၄၁၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၇.၂၁ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ပါတယ်။စာမေးပွဲဖြေဆိုသူအနည်းဆုံးနဲ့အောင်ချက်ရာခိုင်နှုန်းနည်းပါရတဲ့တိုင်းနဲ့ပြည်နယ်တွေကတော့

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယား ပြည် နယ်တွေကဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ က စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၃၃၄၄၇ဦးထဲမှာ၁၅၄၀၉ဦးအောင်မြင်ခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်း၄၆.၀၇ရာခိုင်နှုန်းနဲ့ အောင်မြင်သူနည်းပါးခဲ့ကာ ထုတ်ပြန်ချက်အရသိရပါတယ်။

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်






Leave a Reply

Your email address will not be published.