>
မုံရွာမြို့က ဘာသာရေးခုတုံးလုပ် ကိုယ်ကျိုးရှာသူ (၅)ဦးကို PDF များဖမ်းဆီး၊ထိုင်ထနဲ့ကြိမ်ဒဏ်ပေး
ဇွန် ၁၄၊ The Nation Voice
မုံရွာမြို့မှာ ဘာသာရေးကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေသူ (၅)ဦးကို ဖမ်းဆီးပြီး အပြစ်ပေးခဲ့တယ်လို့ Farmer Revolution Force(CHU)က အသိပေးထုတ်ပြန်ပါတယ်။
ဇွန်လ ၁၄ ရက် မနေ့က မုံရွာမြို့၊မြဝတီရပ်၊နယ်မြေ (၁၂)မှာနေထိုင်တဲ့ အမျိုးသား(၃)ဦးနဲ့အမျိုးသမီး (၂)ဦးဟာ သုံးဘီးဆိုက်တွဲပေါ် အသံချဲ့စက်တင်ပြီး အလှူခံစားနေတဲ့အပေါ် ပြည်သူ့တိုင်ကြားချက်အရ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဖော်ပြပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ပြည်သူတွေတိုင်ကြားတဲ့အတိုင်း လိမ်လည်မှုပေါ်ပေါက်တာကြောင့် ထိုင်ထလုပ်ခိုင်းတဲ့အပြင် ကြိမ်ဒဏ်အပြစ်ပေးခဲ့ပြီး နောက်နောင်ခုလို ဆက်မလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘာသာရေးကိုခုတုံးလုံးပြီး ကိုယ်ကျိုးရှာနေသူ (၅)ကို ဖမ်းဆီးအပြစ်ပေးတာကို မုံရွာ တောင်နယ်အတွင်း မုံရွာဗန္ဓုလနှင့်အဖွဲ့သားများLDF ၊ ညီနောင်မဟာမိတ်ဖြစ်သော Farmers Revolution Force FRF (CHU)တပ်ရင်း၊ ကျေးရွာပြည်သူ့လုံခြုံရေး(ပလဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။