ချစ်ရတဲ့ ဇနီးလေးနဲ့ ပတ်သက်ပြီး သူရဲ့ ရင်တွင်း ခံစားချက်လေးတွေကို ပီတိဖြစ်စွာ ပြောပြလာတဲ့ နိုင်းဝမ်း

Cele News

အဆိုတော် နိုင်းဝမ်းကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ နိုင်းဝမ်း က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အသံနဲ့ ဆန်းသစ်တဲ့သီဆိုဟန်တွေ ကာရံတွေကို အချိတ်အဆက်မိမိ ရေးစပ်နိုင်တာတွေကြောင့် စီနီယာအနုပညာအချို့ကတောင် လေးစားချစ်ခင် နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူရဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း အားလုံးက အားကျနေကြတာပါ ။ လတ်တလောမှာလည်း ချစ်ရတဲ့ ဇနီးလေးနဲ့ ပတ်သက်ပြီး သူရဲ့ ရင်တွင်း ခံစားချက်လေးတွေကို ” ကိုယ်အချစ်ရဆုံးချစ်သူဟာ ကိုယ်သေတဲ့အချိန်ထိလက်တွဲသွားရမယ့် ဘဝလက်တွဲဖော်ဖြစ်ရခြင်းက ဘာနဲ့တူလဲဆိုတော့.. ဘာနဲ့မှကိုမတူပါဘူး ? ကမ္ဘာမှာအချမ်းသာဆုံးသူဖြစ်နေရင်တောင် အဲ့ဒီခံစားချက်ကို ရချင်မှရမယ် ” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

CRD – Cele Zone

Zawgyi





CRD – Cele Zone

Leave a Reply

Your email address will not be published.