၈ တန်းအောင်ပြီးရင် တက်နိုင်မယ့် သမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်းတက်လို့ရပါပြီ…

News

အပြည့်စုံ….

၈ တန်းအောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်မယ့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းကို မကွေးမြို့မှာ လာမယ့် ဇွန် လ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ သိရပါတယ်။

သင်တန်းကျောင်းကာလက အချိန် ၂ နှစ်ဖြစ်ပြီး သင်တန်းပြီးပါက သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊သမဝါယမဦးစီးဌာန ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့ က Diploma in Business Accounting ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

” ရည်ရွယ်ချက်က ပညာဆက်သင်ဖို့ အခက်အခဲရှိသူတွေကို စာရင်းရေး ၊ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်နဲ့ သင်တန်းသားထဲကနေ ထူးချွန်သူတွေကို

ရွေးချယ်ပြီး သမဝါယမကောလိပ်၊ သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ်ကို ပေါင်းကူး ပြီး ပညာဆက်သင်ကြားနိုင်ဖို့အခွင့်အလမ်း ဖန်တီးပေးတာပါ “လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီသင်တန်းတက်ရောက်သူတွေကို နိုင်ငံတော်က စားသောက်စရိတ်အ ဖြစ် တလကို ၃သောင်း ကျပ်အပြင် ဝတ်စုံစရိတ် တစ်နှစ်စာအတွက် ၂၅၀၀၀ ကျပ် ထောက်ပံ့ပေးမှာဖြစ်ပြီး နယ်ဝေးကနေ လာတက်မယ့်သူ တွေကိုလည်း နေထိုင်စရာ အဆောင်စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းအပ်နှံထားသူပေါင်း၇၈ ဦးရှိပြီး အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၄၉ ဦးဖြစ်တယ်လို့ သိရပါတယ်။

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းကိုတော့ မကွေးမြို့၊မကွေးဘူတာတောင်ဘက် ၊အောင်မေတ္တာ (ဃ)ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီးမှာဖွင့်လှစ်ထားတာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့သိရပါတယ်။

Crd

Leave a Reply

Your email address will not be published.