ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေ့စားဆင်းနေရသော ဆင်းရဲသားလေးဖြစ်ပေမယ့် တောင့်တင်းသော ခန္ဓာကိုယ်နှင့် ကြွက်သားအလှတွေကြောင့် နာမည်ကြီးလာခဲ့သော ကောင်လေး

News

တရုတ်နိုင်ငံ Hubeiပြည်နယ်ရှိ ရွာငယ်လေးတွင် နေထိုင်သော အသက်၂၃နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာ၍ ကျောင်းအစောထွက်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိသားစုအတွက် ထောက်ပံ့ပေးခဲ့ရသည်။

ကောင်လေးသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာလေးလံသော အုတ်ခဲတွေကို သယ်ဆောင်ရပြီး တစ်လကို ယွမ်၂၀၀၀သာရရှိခဲ့ရာ ချစ်သူမိန်းကလေးမှ သူ့ထက်ချမ်းသာသော သူဌေးသားကို ပြောင်းချစ်သွားခဲ့၍ သူ့ကိုယ်သူပြောင်းလဲရန် ကြိုးစားခဲ့သည်။

ကောင်လေးသည် အလုပ်ဆင်းတာနဲ့ အိမ်မပြန်သေးပဲ သူ့ရဲ့ခန္ဓာကိုယ်အတွက် မြင်တွေ့သူတိုင်း အားကျစေရန် ဆောက်လုပ်ရေး ပစ္စည်းအချို့နဲ့ လေ့ကျင့်ခဲ့ရာ အားကစားရုံသွားစရာမလိုပဲ တောင့်တင်းသန်မာလှသော ကြွက်သားအလှကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ကောင်လေးသည် သူ့ရဲ့ ခန္ဓာကိုယ်အတွက် လေ့ကျင့်မှုများကို နေ့စဉ်လိုင်းပေါ်မှာ တိုက်ရိုက်လွှင့်ပြခဲ့ရင်းနဲ့ လူအများရဲ့ အာရုံစိုက်အားပေးခြင်းကို ခံလာရကာ အုတ်ခဲသယ်ရသောလစာမှာ နည်းပါးပေမယ့် လိုင်းပေါ်ကနေ အပိုဝင်ငွေများစွာကို ရရှိနေပြီဖြစ်ပြီး သူနဲ့တွဲချင်သော မိန်းကလေးတွေလည်း တန်းစီနေပြီဖြစ်သည်။

Rain (For Ialinks)

ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ေန႔စားဆင္းေနရေသာ ဆင္းရဲသားေလးျဖစ္ေပမယ့္ ေတာင့္တင္းေသာ ခႏၶာကိုယ္ႏွင့္ ႂကြက္သားအလွေတြေၾကာင့္ နာမည္ႀကီးလာခဲ့ေသာ ေကာင္ေလး

တ႐ုတ္ႏိုင္ငံ Hubeiျပည္နယ္ရွိ ႐ြာငယ္ေလးတြင္ ေနထိုင္ေသာ အသက္၂၃ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ဆင္းရဲေသာ မိသားစုမွ ေမြးဖြားလာ၍ ေက်ာင္းအေစာထြက္ၿပီးေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ အလုပ္ဝင္လုပ္ရင္း မိသားစုအတြက္ ေထာက္ပံ့ေပးခဲ့ရသည္။

ေကာင္ေလးသည္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွာေလးလံေသာ အုတ္ခဲေတြကို သယ္ေဆာင္ရၿပီး တစ္လကို ယြမ္၂၀၀၀သာရရွိခဲ့ရာ ခ်စ္သူမိန္းကေလးမွ သူ႔ထက္ခ်မ္းသာေသာ သူေဌးသားကို ေျပာင္းခ်စ္သြားခဲ့၍ သူ႔ကိုယ္သူေျပာင္းလဲရန္ ႀကိဳးစားခဲ့သည္။

ေကာင္ေလးသည္ အလုပ္ဆင္းတာနဲ႔ အိမ္မျပန္ေသးပဲ သူ႔ရဲ႕ခႏၶာကိုယ္အတြက္ ျမင္ေတြ႕သူတိုင္း အားက်ေစရန္ ေဆာက္လုပ္ေရး ပစၥည္းအခ်ိဳ႕နဲ႔ ေလ့က်င့္ခဲ့ရာ အားကစား႐ုံသြားစရာမလိုပဲ ေတာင့္တင္းသန္မာလွေသာ ႂကြက္သားအလွကို ပိုင္ဆိုင္ႏိုင္ခဲ့သည္။

ေကာင္ေလးသည္ သူ႔ရဲ႕ ခႏၶာကိုယ္အတြက္ ေလ့က်င့္မႈမ်ားကို ေန႔စဥ္လိုင္းေပၚမွာ တိုက္႐ိုက္လႊင့္ျပခဲ့ရင္းနဲ႔ လူအမ်ားရဲ႕ အာ႐ုံစိုက္အားေပးျခင္းကို ခံလာရကာ အုတ္ခဲသယ္ရေသာလစာမွာ နည္းပါးေပမယ့္ လိုင္းေပၚကေန အပိုဝင္ေငြမ်ားစြာကို ရရွိေနၿပီျဖစ္ၿပီး သူနဲ႔တြဲခ်င္ေသာ မိန္းကေလးေတြလည္း တန္းစီေနၿပီျဖစ္သည္။

Rain (For Ialinks)

Leave a Reply

Your email address will not be published.