သုံးမွှာပူးသမီးတွေ အရွယ်ရောက်ကြီးပြင်းလာတာကိုမြင်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ ကင်ဆာရောဂါကို တွန်းလံတိုက်ထုတ်နိုင်ခဲ့တဲ့ မိခင်

News

တရုတ်နိုင်ငံရှိ မိခင်တစ်ဦးဟာ သုံးမွှာပူးဖြစ်တဲ့ သမီးမိန်းကလေးသုံးယောက် အရွယ်ရောက်ကြီးပြင်းလာတာကို မြင်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ ကင်ဆာရောဂါကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။၂၀၁၃ခုနှစ်မှာ အသက်၃၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Li Shu ဟာ သူတို့မင်္ဂလာနှစ်ပတ်လည်နေ့မှာ သမီးသုံးယောက်အတွက် ကြိုတင်ဂုဏ်ပြုစကားပြောပေးရင်း ငိုကြွေးကာ သူမ မကြာမီသေဆုံးနိုင်ပြီး သူမဘဝရဲ့အရေးကြီးတဲ့အရာတွေကိုလည်း မကြုံဆုံနိုင်တော့ကြောင်း ပြောဆိုခဲ့တဲ့ဗီဒီယိုကို မှတ်တမ်းတင်မျှဝေခဲ့ပြီးနောက် လူသိများသွားခဲ့ပါတယ်။

လေးနှစ်ကြာပြီးနောက်မှာတော့ သူမဟာ သတင်းကောင်းတစ်ခုနဲ့ အင်တာနက်ပေါ်ပြန်တက်လာခဲ့ပါတယ်။CGTN သတင်းအရ Liဟာ ကင်ဆာရောဂါကို အနိုင်ယူပြီး ရပ်ကွက်ဆေးခန်းမှာ အလုပ်ပြန်လုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။၂၀၁၃ခုနှစ်မှာ သူမဟာ အစာအိမ်နှင့်ပတ်သက်ပြီးရောဂါစစ်ဆေးမှုခံယူကာ အကျိတ်ကို အောင်မြင်စွာနဲ့ဖယ်ရှားနိုင်ခဲ့ပြီး တရုတ်ပြည်အနောက်ပိုင်း Chongqingမြို့မှာ နှစ်စဉ် ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။

“အစပိုင်းတော့ ကျွန်မ ညတိုင်းအိပ်မပျော်ခဲ့ဘူး။ဒါပေမဲ့ စိတ်ဆေးဆေးထားပြီး Shangingba ခရိုင်ရဲ့ အံ့ဩစရာကောင်းတဲ့ရှုခင်းတွေကို ကြည့်ရင်း စိတ်ဖြေနိုင်ခဲ့တယ်”လို့ဆိုထားပြီး ဆရာဝန်က ကင်ဆာပြန်ဖြစ်လာနိုင်ချေမရှိပေမဲ့ ဆေးဝါးလိုအပ်ချက်တွေနဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရန် အကြံပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာဘဲ သူမရဲ့ သုံးမွှာပူးသမီးသုံးယောက်ကလည်း လူသိများလာခဲ့ပါတယ်။သမီးလေးတွေက တကယ်ချစ်စရာကောင်းပြီး ဘယ်သူကဘယ်ဝါဆိုတာကို ခွဲခြားရခက်အောင် ရုပ်လေးတွေက ဆင်နေကြသလို မိခင်ရဲ့ကြက်တောင်ပံဟင်းကိုလည်း အရမ်းကြိုက်ကြပြီး ကောင်းမွန်တဲ့အကျင့်စရိုက်တွေကိုယ်စီရှိနေကြပါတယ်။

သုံးမွှာပူးရဲ့အကြီးဆုံးလေးက အငယ်နှစ်ယောက်ကို ဂရုစိုက်သင့်ပြီး သူတို့ကိုလည်း ကောင်းမွန်တဲ့စံနမူနာတွေသင်ပေးရမယ်လို့ဆိုထားပြီး အလတ်လေးကတော့ ပုံဆွဲရတာကြိုက်သလို piano တီးရတာကိုကြိုက်ပါတယ်။နောက်ဆုံးပိတ် အသေးလေးပိစိလေးကတော့ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ဘဲဖြစ်ပါတယ်။မိခင်ဖြစ်သူက ယခုနှစ် Chongqingမြို့မှာ ဆေးစစ်ဆေးချက်တွေပြုလုပ်နေတုန်း သုံးမွှာပူးလေးတွေဟာ မိခင်ဖြစ်သူအား”မေမေ သမီးတို့က ရဲရင့်ထက်မြက်တယ် အမြဲတမ်းထာဝရချစ်နေမယ်”ဟု အားပေးနှစ်သိမ့်စကားလည်းပေးပို့ခဲ့ကြပါသေးတယ်။

Credit-Jasmine (Mckzone Daily)

Zawgyi

သုံးမႊာပူးသမီးေတြ အ႐ြယ္ေရာက္ႀကီးျပင္းလာတာကိုျမင္ခ်င္တဲ့ဆႏၵတစ္ခုတည္းနဲ႔ ကင္ဆာေရာဂါကို တြန္းလံတိုက္ထုတ္ႏိုင္ခဲ့တဲ့ မိခင္

တ႐ုတ္ႏိုင္ငံရွိ မိခင္တစ္ဦးဟာ သုံးမႊာပူးျဖစ္တဲ့ သမီးမိန္းကေလးသုံးေယာက္ အ႐ြယ္ေရာက္ႀကီးျပင္းလာတာကို ျမင္ခ်င္တဲ့ဆႏၵတစ္ခုတည္းနဲ႔ ကင္ဆာေရာဂါကို တြန္းလွန္တိုက္ထုတ္ႏိုင္ခဲ့ပါတယ္။၂၀၁၃ခုႏွစ္မွာ အသက္၃၄ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Li Shu ဟာ သူတို႔မဂၤလာႏွစ္ပတ္လည္ေန႔မွာ သမီးသုံးေယာက္အတြက္ ႀကိဳတင္ဂုဏ္ျပဳစကားေျပာေပးရင္း ငိုေႂကြးကာ သူမ မၾကာမီေသဆုံးႏိုင္ၿပီး သူမဘဝရဲ႕အေရးႀကီးတဲ့အရာေတြကိုလည္း မႀကဳံဆုံႏိုင္ေတာ့ေၾကာင္း ေျပာဆိုခဲ့တဲ့ဗီဒီယိုကို မွတ္တမ္းတင္မွ်ေဝခဲ့ၿပီးေနာက္ လူသိမ်ားသြားခဲ့ပါတယ္။

ေလးႏွစ္ၾကာၿပီးေနာက္မွာေတာ့ သူမဟာ သတင္းေကာင္းတစ္ခုနဲ႔ အင္တာနက္ေပၚျပန္တက္လာခဲ့ပါတယ္။CGTN သတင္းအရ Liဟာ ကင္ဆာေရာဂါကို အႏိုင္ယူၿပီး ရပ္ကြက္ေဆးခန္းမွာ အလုပ္ျပန္လုပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။၂၀၁၃ခုႏွစ္မွာ သူမဟာ အစာအိမ္ႏွင့္ပတ္သက္ၿပီးေရာဂါစစ္ေဆးမႈခံယူကာ အက်ိတ္ကို ေအာင္ျမင္စြာနဲ႔ဖယ္ရွားႏိုင္ခဲ့ၿပီး တ႐ုတ္ျပည္အေနာက္ပိုင္း Chongqingၿမိဳ႕မွာ ႏွစ္စဥ္ ပုံမွန္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ရပါတယ္။

“အစပိုင္းေတာ့ ကြၽန္မ ညတိုင္းအိပ္မေပ်ာ္ခဲ့ဘူး။ဒါေပမဲ့ စိတ္ေဆးေဆးထားၿပီး Shangingba ခ႐ိုင္ရဲ႕ အံ့ဩစရာေကာင္းတဲ့ရႈခင္းေတြကို ၾကည့္ရင္း စိတ္ေျဖႏိုင္ခဲ့တယ္”လို႔ဆိုထားၿပီး ဆရာဝန္က ကင္ဆာျပန္ျဖစ္လာႏိုင္ေခ်မရွိေပမဲ့ ေဆးဝါးလိုအပ္ခ်က္ေတြနဲ႔ ေလ့က်င့္ခန္းေတြ ပုံမွန္လုပ္ရန္ အႀကံေပးခဲ့ပါတယ္။တစ္ခ်ိန္တည္းမွာဘဲ သူမရဲ႕ သုံးမႊာပူးသမီးသုံးေယာက္ကလည္း လူသိမ်ားလာခဲ့ပါတယ္။သမီးေလးေတြက တကယ္ခ်စ္စရာေကာင္းၿပီး ဘယ္သူကဘယ္ဝါဆိုတာကို ခြဲျခားရခက္ေအာင္ ႐ုပ္ေလးေတြက ဆင္ေနၾကသလို မိခင္ရဲ႕ၾကက္ေတာင္ပံဟင္းကိုလည္း အရမ္းႀကိဳက္ၾကၿပီး ေကာင္းမြန္တဲ့အက်င့္စ႐ိုက္ေတြကိုယ္စီရွိေနၾကပါတယ္။

သုံးမႊာပူးရဲ႕အႀကီးဆုံးေလးက အငယ္ႏွစ္ေယာက္ကို ဂ႐ုစိုက္သင့္ၿပီး သူတို႔ကိုလည္း ေကာင္းမြန္တဲ့စံနမူနာေတြသင္ေပးရမယ္လို႔ဆိုထားၿပီး အလတ္ေလးကေတာ့ ပုံဆြဲရတာႀကိဳက္သလို piano တီးရတာကိုႀကိဳက္ပါတယ္။ေနာက္ဆုံးပိတ္ အေသးေလးပိစိေလးကေတာ့ ဟာသဉာဏ္႐ႊင္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ဘဲျဖစ္ပါတယ္။မိခင္ျဖစ္သူက ယခုႏွစ္ Chongqingၿမိဳ႕မွာ ေဆးစစ္ေဆးခ်က္ေတြျပဳလုပ္ေနတုန္း သုံးမႊာပူးေလးေတြဟာ မိခင္ျဖစ္သူအား”ေမေမ သမီးတို႔က ရဲရင့္ထက္ျမက္တယ္ အၿမဲတမ္းထာဝရခ်စ္ေနမယ္”ဟု အားေပးႏွစ္သိမ့္စကားလည္းေပးပို႔ခဲ့ၾကပါေသးတယ္။

Credit-Jasmine (Mckzone Daily)

Leave a Reply

Your email address will not be published.