ပြည်တွင်းသို့ စက်သုံးဆီ သွင်းနေသော စကာ်ပူ၌ စက်သုံးဆီစျေး မြင့်တက်ခြင်းကြောင့် မြန်မာနိုင်ငံ၌ ဆီစျေးနှုန်းများ ထပ်မံမြင့်တက်ဖွယ်ရှိနေ
ဧရာဝတီတိုင်းမ်
ဇွန် ၁၃၊ ၂၀၂၂
မြန့မာနိုင်ငံသို့ စက်သုံးဆီ(ဓာတ်ဆီ) အဓိက တင်သွင်းသော စကာ်ပူနိုင်ငံတွင်း ဆီစျေးနှုန်း သုံးပုံ တပုံခန့် မြင့်တက်သွားသဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်း စက်သုံးဆီစျေးများ ဆက်လက်မြင့်တက်ဦးမည်ဟု စက်သုံးဆီ လုပ်ငန်းရှင် တချို့က ပြောသည်။
အထူးသဖြင့် ယနေ့ပေါက်စျေးဖြင့် တင်သွင်းလာပြီးမှ မနက်ဖြန် ပေါက်စျေးမြင့်တက်ခြင်းက ဆီလုပ်ငန်းရှင်တွေကို စျေးကွက်ဖြန့်ချိမှုရပ်တန့်စေကြောင်း၊ စျေးအတက်အကျကို အချိန်နှင့်အညီ မြန်မာနိုင်ငံအနှံ့တပြေးညီမလုပ်နိုင်သေးခင် ပျမ်းမျှစျေးတန်းကို မည်သို့အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆီလုပ်ငန်းရှင်များ ညှိနှုင်းကြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များ အသင်းဝင် ဆီလုပ်ငန်းရှင်တဦးက ပြောသည်။
အခုစျေးတန်းက ဒီနေ့ဝယ်ပြီးမှ မနက်ဖြန် ဖြန့်ချိတဲ့အခါ ဆီတပေပါ(ဂါလံ ၅၀)ကို ကျပ် ၅ သောင်း တက်သွားရင် သဘက်ခါဖြန့်ဖို့ ပြန်ဖြည့်တာမှာ အရှုံးဘက်ပြနေပြီ။ ကျနော်တို့က အရှုံးခံတာ ရက်ပိုင်းဆို ခံနိုင်တယ်။ လနဲ့ချီရင်တော့ လုပ်ငန်းရပ်လိုက်ဖို့ပဲရှိမယ်။ အခုက စျေးကိုက မငြိမ်တာ။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးသူများ ကြီးကြပ်ရေး ကော်မတီ PPRD က ဘယ်လောက်သတ်မှတ်၊ ပြင်ပမှာက လက်တွေ့နဲ့မကိုက်ဘူး။ ဒီတလောက မှာတုန်းက တစျေး၊ ထုတ်တော့ တစျေး၊ ဖြန့်ချိန်ကြ တစျေး ဖြစ်နေတာကို ဘယ်စံဆိုတာ မရှိတာက ပြဿနာပဲ” ဟု သူကဆိုသည်။
ယနေ့(ဇွန် ၁၂ ရက်နေ့) ညသန်ခေါင်စျေးအရ ဥရောပသမဂ္ဂနှင့် EU နိုင်ငံများ၏ ကန့်သတ်ချက်အရ ဆီစျေးနှုန်းသည် အတက်ဘက်သို့ ရက်ဆက်သွားနေပြီး မြန်မာပြည်တွင်း စျေးနှန်းများသည်လည်း အတက်စျေးဖြစ်နေကာ တရက်ထဲပင် စျေး ၂ ကြိမ် အတက်သို့ဖြစ်ခဲ့သည်။
အရှေ့တောင်အာရှ ရေနံဖြန့်နေသည့် စကာ်ပူ၊ မလေးရှား၊ တောင်ကိုးရီးယား၊ အိန္ဒိယနှင့် အာရပ်နိုင်ငံတချို့တွင် စျေးကစားမှု့ အတက်များပြီး ဖြန့်ချိရေးစျေးကွက်တွင် ဆူပူမှု့ဖြစ်ခဲ့သည်။
ထိုကယက်ကြောင့် မြန်မာပြည်တွင်း ဆီစျေးကွက် မတည်ငြိမ်မှု့က ရက်အတန်ကြာ ဆက်လက်ဖြစ်နေမည်ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ မည်သို့ပင်ထိန်းချုပ်စေ၊ စျေးကွက် အတက်အကျက ပိုမိုကြမ်းနိုင်ကြောင်း ရန်ကုန်ရှိ ဆီလုပ်ငန်းရှင် တဦးကလည်း သုံးသပ်သည်။
“ဆီဝယ်ဖို့ ဒေါ်လာအခက်အခဲအပြင် စျေးအတက်အကျက မြန်နေတော့ ကျနော်တို့ဆီသမားတွေ ရေရှည် ဘယ်လိုလုပ်ကြမလဲကို စဥ်းစားလာရပြီ။ ကျနော်တို့ အရှုံး၊ အမြတ် တရက်နဲ့တရက်ကြား ခုခံနိုင်ရင် တော်သေးတယ်။ အရာရာကို လိုက်ပြီး စစ်ကောင်စီက စည်းမျဥ်းတွေက ကျပ်နေတဲ့အပြင် ဖြည့်ဆည်မပေးရင်တော့ လုပ်ငန်းတွေ ရပ်လုလာမယ်။ မဖြစ်နိုင်ဘူး မဆိုဘူး။ ကျနော်တို့လည်း စီးပွားရေးလုပ်နေတာ။ သင့်တော်တဲ့အခွန်ပေးရတာ။ ချိန်းခြောက်တာမဟုတ်ဘူး။ လိုအပ်ချက်အရ ရသလောက်လုပ်ကြမှာပေမယ့် အကန့်အသတ်တော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မှ ဧပြီလအတွင်း ရုရှားနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ကတိစာချုပ်များ ချုပ်ဆိုပြီး ပြည်တွင်း ဆီလိုအပ်ချက်ကို ဖြည်းတင်းရန် ကြိုးစားနေသော်လည်း အခြေခံ ပြည်တွင်းက ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံခြင်းက ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေးပေ။
ရုရှားမှ ဆီများကို အာရှစျေးကွက်သို့ စျေးချိုချိုဖြင့် တင်ပို့မည်ဆိုသော်လည်း ဂါလံ သိန်းချီသည့် သဘော်များ မဝင်ရောက်နိုင်သေးခြင်း၊ မြန်မာ့ ပင်လယ်ပြင်မှ ဆီများပိုက်လိုင်းဖြင့် ပြည်တွင်းပို့ဆောင်ရန် မတည်ဆောက်နိုင်သေးခြင်းက စစ်ကောင်စီအတွက် ဆီပြဿနာကို ပြည်သူအလိုကျ ဖြေရှင်းရန် အကျပ်တွေ့နေသည်။