စစ်အုပ်စုက နေအိမ်ဝင်ရှာဖွေပြီး မောင်နှမ (၃)ဦး ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးက ရှေ့နေအမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ခါ…see more

News

<

စစ်အုပ်စုက နေအိမ်ဝင်ရှာဖွေပြီး မောင်နှမ (၃)ဦး ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးက ရှေ့နေအမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေကြောင်းကြံစည်

ဇွန်လ ၁၃ ရက်နေ့။

PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စစ်အုပ်စုက နေအိမ်ဝင်ရောက်ရှာဖွေတဲ့အပြင် မောင်နှမ (၃)ဦး အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ရှေ့နေ ဒေါ်ဖြူဖြူခိုင်ဟာ မနေ့က ပိုးသတ်ဆေးသောက်ပြီး သေကြောင်း ကြံစည်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရှိရပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့နေသပိတ်၊ ပုသိမ်ကြီးသပိတ်တွေမှာ ပါဝင်တဲ့အပြင် PDF အဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး သတင်းပေးသူရှိတာကြောင့် ဇွန်လ (၈)ရက် နေ့လယ်(၁)နာရီလောက်က ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ရှာဖွေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါသည်။

အဲဒီလို ရှာဖွေစဉ်မှာ ဒေါ်ဖြူဖြူခိုင်ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို နေအိမ်မှာပဲ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ပြီး ကျောင်းသားအရွယ် မောင်ဖြစ်သူနဲ့ ညီမနှစ်ဦး၊ စုစုပေါင်း (၃)ဦးကို ဖမ်းဆီးပြီး နန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေက ပြောပါသည်။

မောင်နှမတွေ ဖမ်းဆီးခံရပြီး လေးရက်အကြာ ဇွန်လ (၁၂)ရက်အထိ သတင်းအစအန စုံစမ်းမရတဲ့အတွက် နေအိမ်က တိမ်းရှောင်နေတဲ့ အသက် (၂၉)နှစ်အရွယ် ရှေ့နေ ဒေါ်ဖြူဖြူခိုင်ဟာ ပိုးသတ်ဆေးတွေ အလွန်အကျွံသောက်ပြီး အဆုံးစီရင်ပေမယ့် အနီးမှာရှိတဲ့သူတွေက တွေ့မြင်လိုက်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါသည်။

Zawcode:

Credit – Original Writer

Leave a Reply

Your email address will not be published.