NUG Pay စတင်တော့မည်ဟုကြေညာပြီးနောက် ဗဟိုဘဏ်မှ အရေးပေါ်သတိပေးချက် ထုတ်ပြန်

News

NUG Pay စတင်တော့မည်ဟုကြေညာပြီးနောက် ဗဟိုဘဏ်မှ တရားမဝင် Mobile Pay အသုံးပြုရင်အရေးယူသွားမည်လို့ထုတ်ပြန်
ဇွန်လ ၁၁ ရက်နေ့။

NUG payစတင်တာ့မည်ဟု ကြေငြာပြီးနောက် စစ်ကောင်စီမှခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုတွေ သုံးရင် အရေးယူမယ်ဆိုပြီး ဗဟိုဘဏ် ထုတ်ပြန်လိုက်ပါသည်။

ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay / Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုတွေ သုံးရင် အရေးယူမယ်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါသည်။


ယခုလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အဖြစ်နဲ့ NUG Pay ကို စတင်အသုံးပြုတော့မယ်လို့ကြေညာချက် ထုတ်ပြန်အပြီး ဗဟိုဘဏ်က သူတို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်း တွေက ၊

ပြည်သူတွေဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်လို့ မသုံးဖို့ အပါအဝင် ဗဟိုဘဏ်က တရားဝင် ခွင့်ပြုထားတဲ့ ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများရဲ့ စာရင်းကို ဝက်လ်ဆိုက်မှာဖော်ပြထားတယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါသည်။

လက်ရှိမှာ ဗဟိုဘဏ်က ငွေပေးချေမှု များဆောင်ရွက်ဖို့ မိုဘိုင်းဘဏ် လုပ်ငန်း ဆောင်ရွက်ရန် ဘဏ် ၁၈ ဘဏ်၊ အင်တာနက် ဘဏ်လုပ်ငန်း ဆောင်ရွက်ဖို့ ဘဏ် ၁၀ ဘဏ်၊ Mobile Pay ဆောင်ရွက်ရန် ဘဏ် ၈ ဘဏ်၊

မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း ၅ ခု၊ Transportation Card နဲ့ Shopping Card စ သည့် ကတ်ပေးချေမှု လုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း ၇ ခုနှင့် ရောင်းချသူ ကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ ၄ ခုကို ခွင့်ပြုထားတယ်လို့ ဆိုပါသည်။


NUG က ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ်နဲ့အသုံးပြုမယ့် NUG Pay အပ်ပလီကေးရှင်းကို ပြည်သူတွေသုံးစွဲမှု လွယ်ကူစေရေး အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားသလို အသုံးပြုဖို့အတွက်လည်း Andriod ဖုန်းအမျိုးအစားအပြင် IOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင်စီစဉ်နေတယ်ဆိုပြီးပြောကြားထားပါသည်။ credit

NUG Pay စတင်တော့မည်ဟုကြေညာပြီးနောက် ဗဟိုဘဏ်မှ တရားမဝင် Mobile Pay အသုံးပြုရင်အရေးယူသွားမည်လို့ထုတ်ပြန်
ဇွန်လ ၁၁ ရက်နေ့။

NUG payစတင်တာ့မည်ဟု ကြေငြာပြီးနောက် စစ်ကောင်စီမှခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုတွေ သုံးရင် အရေးယူမယ်ဆိုပြီး ဗဟိုဘဏ် ထုတ်ပြန်လိုက်ပါသည်။

ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay / Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုတွေ သုံးရင် အရေးယူမယ်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါသည်။

ယခုလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အဖြစ်နဲ့ NUG Pay ကို စတင်အသုံးပြုတော့မယ်လို့ကြေညာချက် ထုတ်ပြန်အပြီး ဗဟိုဘဏ်က သူတို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်း တွေက ၊

ပြည်သူတွေဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်လို့ မသုံးဖို့ အပါအဝင် ဗဟိုဘဏ်က တရားဝင် ခွင့်ပြုထားတဲ့ ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများရဲ့ စာရင်းကို ဝက်လ်ဆိုက်မှာဖော်ပြထားတယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါသည်။

လက်ရှိမှာ ဗဟိုဘဏ်က ငွေပေးချေမှု များဆောင်ရွက်ဖို့ မိုဘိုင်းဘဏ် လုပ်ငန်း ဆောင်ရွက်ရန် ဘဏ် ၁၈ ဘဏ်၊ အင်တာနက် ဘဏ်လုပ်ငန်း ဆောင်ရွက်ဖို့ ဘဏ် ၁၀ ဘဏ်၊ Mobile Pay ဆောင်ရွက်ရန် ဘဏ် ၈ ဘဏ်၊

မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း ၅ ခု၊ Transportation Card နဲ့ Shopping Card စ သည့် ကတ်ပေးချေမှု လုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း ၇ ခုနှင့် ရောင်းချသူ ကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ ၄ ခုကို ခွင့်ပြုထားတယ်လို့ ဆိုပါသည်။

NUG က ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ်နဲ့အသုံးပြုမယ့် NUG Pay အပ်ပလီကေးရှင်းကို ပြည်သူတွေသုံးစွဲမှု လွယ်ကူစေရေး အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားသလို အသုံးပြုဖို့အတွက်လည်း Andriod ဖုန်းအမျိုးအစားအပြင် IOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင်စီစဉ်နေတယ်ဆိုပြီးပြောကြားထားပါသည်။credit

Leave a Reply

Your email address will not be published.