ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာပြည်အစွန်အဖျားတစ်နေရမှာ တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
သူကတော့ တတ်နိုင်တဲ့နေရာကနေ စစ်ကောင်စီကို တွန်းလှန်ဖို့အတွက် ခက်ခဲတဲ့လွတ်မြောက်နယ်မြေကို မိသားစုနဲ့ခွဲခွာပြီး ရောက်ရှိနေတာပါ။ ဒါကြောင့်လဲ ချစ်တဲ့ပရိသတ်တွေက လေးစားဂုဏ်ယူနေရသူတစ်ဦး ဖြစ်ပါတယ်။
မနေ့ကညပိုင်းလောက်က အမေစုဆောင်းခဲ့တဲ့ ထီးအတွက်လက်မှတ်ရောင်းဖို့တွက် Live လွှင့် သီချင်းဆိုပြခဲ့ပြီး နောက်ဆုံးမှာ ရည်မှန်းချက်ပြည့်မှီခဲ့ပါပြီ။
ဒါရိုက်တာ ကိုပေါက် ကတော့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ ခိုင်းနိုင်တဲ့အကြောင်းကို သတင်းကောင်းနဲ့အတူ ရေးသားလိုက်ပါတယ်။
ဝမ်းသာစရာ သတင်းများနဲ့လူ တစ်နေ့ညက ၇:၀၀ ကနေ ၉:၀၀ ထိ ထီးလက်မှတ်ရောင်းဖို့ Live လွှင့်လိုက်တယ်။ လက်မှတ် ၄၀၀၀ ကျော်ရောင်းရဖို့ကြိုးစားရင်း ဝေးကွာ
နေတဲ့ ချစ်ရသူတွေကို သီချင်းလည်းဆိုပြ လက်မှတ်လည်းထိုးရောင်းပေါ့။ ချစ်လို့အားပေးကြတာမြင် မကောင်ဘူး။ Live လွှင့်ပြီး ၁၂ နာရီအကြာမှာတင်
(နောက်နေ့မနက် ၁၀ နာရီမှာတင်)ရည်မှန်းချက် ၇၇၀၀၀ ပြည့်ခဲ့ပြီး အခုဆိုရင် လက်မှတ်အစောင်ရေ ၈၁၀၀၀ ကျော်ခဲ့ပါပြီ။ ဒီလိုပြည်သူတွေတော်လှန်ရေးကို စိတ်မ
ပျက်သေးသ၍၊ တခဲနက် အားဖြည့်နေသေးသ၍ ကျနော်တို့ တော်လှန်ရေးအောင်ပြီသာမှတ်။ လက်မှတ်ဝယ်ပေးတဲ့သူရော အခြေအနေအရ မဝယ်ဖြစ်ဘဲ 6.4K ဖြစ်
အောင် အားပေးကြည့်ရှု့ပေးတဲ့သူရော၊ကျနော့ကိုဝင်ဆဲတဲ့သူရော၊ချစ်ပေးတဲ့သူရော အားလုံးဘေးကင်ကြပါစေ။ အားလုံးကိုကျေးဇူးတင်တယ်။
၈ ထိပ်စီးကိုပြောင်းသွားပြီဆိုတော့ မူလ ရည်မှန်းချက် 1M ပြည့်ဖို့ ဘာမှမလိုတော့ဘူးလေ ဆက်တွန်းကြမယ်လေ။ အားပေးအုံးနော်တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာမှာ ကျနော့ကိုခိုင်းပါ။
ကျနော် အသင့်ရှိနေပါတယ်။ ဒီလိုရောင်းရတာဟာ ကျနော်တစ်ယောက်တည်းကြောင့်မဟုတ်ပါဘူးနော်။ စုပေါင်းအားကြောင့်ဖြစ်တာပါ ” လို့ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ ကိုပေါက် ကတော့ မြန်မာပြည်အစွန်အဖျားတစ်နေရာကနေ တော်လှန်ရေးအတွက်ကြိုးစားဖို့ အသင့်ရှိနေပါတယ်တဲ့။
လေးစားဂုဏ်ယူဖို့ကောင်းတဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့ စိတ်ဓာတ်ကို ချီးကျူးစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုနော်.
Crd.