မင်းအောင်လှိုင်အာဏာသိမ်းလို့ မြန်မာ့စီးပွားရေးအခြေအနေ ခန့်မှန်းမရတဲ့အထိ ဆိုးရွားသွား

News

◾️ကမ္ဘာဘဏ်က မြန်မာ့စီးပွားရေးအခြေအနေကို အစီရင်ခံစာထဲက ဖယ်ထုတ်လိုက်

ဇွန် ၁၀ ၊ ၂၀၂၂

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ မြန်မာ့စီးပွားရေးက ခန့်မှန်းမရတဲ့ အနေအ ထားအထိ ဆိုးရွားသွားတယ်ဆိုတာနဲ့ အဲဒီလို ဆိုးရွားနေတဲ့အတွက် ကမ္ဘာ့ဘဏ်က မြန်မာ့နိုင်ငံကို အစီရင်ခံစာထဲကနေ ဖယ်ထုတ်လိုက်ပြီလို့ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်မှု အစီရင်ခံ စာကို ထုတ်ပြန်လျက်ရှိရာ လက်ရှိနှစ်ပါအဝင်၊ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအခြေအနေက မရေရာမှုတွေဖြစ်နေတာကြောင့် အစီရင်ခံစာထဲ မထည့်တော့ဘဲ ဖယ်ထုတ်လိုက်ရတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာရဲ့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းတွေ ဖော်ပြချက်ကို နှစ်အလိုက်ကြည့်မယ်ဆိုရင် ၂၀၁၄ ခုနှစ်မှာ ၈ဒသမ၅ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၇ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာစီပွားရေးတိုးတက်မှုနှေးကွေးတဲ့နှစ်ဖြစ်ခဲ့ ပေမယ့်လည်း မြန်မာ့စီးပွားရေးက ၈ဒသမ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ဒသမ၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၆ဒသမ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၆ဒသမ၄ ရာခိုင်နှုန်းတို့ရှိခဲ့တာပါ။ ၂၀၂၀ ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ မြန်မာ့စီးပွားရေးတိုး တက်မှုနှုန်းက ရပ်တန့်ခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းခံလိုက်ရချိန်မှာတော့ အောက်ကိုထိုးဆင်းသွားတာ တွေ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ မြန်မာ့စီးပွားရေးက အနုတ် ၁၈ ရာခိုင်နှုန်းအထိ ဆင်း သွားတာ တွေ့ရပါတယ်။

တောက်လျှောက်တက်လာခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ မင်းအောင်လှိုင်အာဏာသိမ်းပြီးချိန်မှာ အနု ၁၈ ရာခိုင်နှုန်းအထိကျ ဆင်းခဲ့ရသလို လက်ရှိနှစ်အတွက်ဆိုရင် ခန့်မှန်းနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘဲ ကမ္ဘာအစီရင်ခံစာအလယ်ကနေကို ဖယ်ထုတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာ တွေ့ရပါတယ်။

ဓာတ်ပုံ- မြန်မာနိုင်ငံကို ဖယ်ထုတ်ထားသော ကမ္ဘာ့ဘဏ်၏ စီးပွားရေးသုံးသပ်မှု အစီရင်ခံစာ ဇယား။

Leave a Reply

Your email address will not be published.