ဇီးရိုးတူးအတွက် အမိန့်ပြန်တမ်း

News

ဇီးရိုးတူးအတွက် အမိန့်ပြန်တမ်း

ဧတေန/People’s Spring

ထန်းတောနှင့် အပင်ကြီးများပတ်လည်ဝိုင်းနေသည့် ကွင်းပြင်တစ်ခုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ လက်နက်ကိုယ်စီဖြင့် စီတန်းကာ အသင့်နေရာယူထားကြသည်။ ၎င်းတို့ရှေ့တွင်တော့ ကျဆုံးသွားသော ရဲဘော် ဇီးရိုးတူး၏ အသုံးအဆောင်စောင်တစ်ထည်ကို ဖြန့်ခင်းထားသည်။

ရဲဘော်ဇီးရိုးတူးသည် ဇွန်လ ၃ ရက်က မတ္တရာပ.က.ဖ (ပြည်သူကာကွယ်​ရေးတပ်)စခန်းအား အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့စဥ် ဗုံးနှစ်လုံးဖြင့်​နေရစ်ပြီးကျန်ရဲ​ဘော်များလွတ်​မြောက်​အောင်ခုခံရင်း ကျဆုံးခဲ့သူ ​ဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ထို့နေ့ နေ့လယ်ပိုင်းကမန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်ကြားရှိ မတ္တရာ (ပ.က.ဖ)စခန်းကို အင်အား ၅၀၀ခန့်ပါသော စစ်ကြောင်းလေးကြောင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

စခန်းအားစီးနင်းရာတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်၍ဝင်ရောက်ခဲ့သည်။ မြေပြင်ပျောက်ကြား မဟာမိတ်တပ်ပေါင်းစုများက လက်နက်အင်အား၊လူအင်အားမမျှသဖြင့် မိုင်းများဆင်ထားခဲ့ကာ ဆုတ်ခွာခဲ့ရသည်။

ထိုအချိန်တွင် ရဲဘော် ဇီးရိုးတူး(02) အားကျည်ထိမှန်ခဲ့ပြီး ဇီးရိုးတူးမှသူ့အားဗုံးနှစ်လုံးပေး၍ ထားခဲ့ပြီး အားလုံးအမြန်ဆုတ်ခွာကြရန် ပြောခဲ့သည်။ ရဲဘော်များက ငြင်းဆန်ခဲ့ကြသော်လည်း မတတ်သာသည့်အဆုံးတွင် သူရဲကောင်းဇီးတူးအားထားရစ်ခဲ့ရကြောင်း စဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြော သည်။

နေ့လယ် ၁နာရီခန့်တွင် စခန်း၌မိုင်းကွဲသံများ ဆက် တိုက်ကြားခဲ့ရသည်။
နောက်တစ်နေ့နံနက်ပိုင်းတွင် မဟာမိတ်တပ်ပေါင်းစု(သ.မ.စ)ရဲဘော်များအားလုံး ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိခဲ့သည်။ စခန်းတွင် အကြမ်းဖက်စစ်သားများပတ်လ​ည်ဝိုင်းကာ ဗုံးနှစ်လုံးနှင့် ကျန်ရစ်ခဲ့သည့် ရဲဘော်ဇီးရိုးတူးမှာတော့ ကျဆုံးသွားခဲ့သည်။ အကြမ်းဖက်စစ်တပ်ဘက်မှလည်း ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

အဖွဲ့သားများ၏ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်02 အား အလေးနီပြုကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“02 ဟာ သူရဲကောင်းတစ်ယောက်ပါ။အများအတွက် အသက်စွန့်သွားတဲ့ ဂုဏ်ပြုထိုက်သူတစ်ဦးပါ”ဟု မတ္တရာ(ပကဖ) မှတာဝန်ရှိသူကလည်း​ ပြောသည်။

“တစ်ဖွဲ့လုံးကို အကာကွယ်ပေးခဲ့ရင်း အသက်ပေးသွားတဲ့အပြင် ခင်ဗျားရဲ့ ရဲရင့်တဲ့စိတ်နဲ့ ခုခံမှု့ကြောင့် ခွေး​ခြောက်ကောင် နေရာမှာတင် ပွဲခြင်းပြီးခဲ့တဲ့အပြင် အများအပြားဒဏ်ရာရသွားခဲ့ကြသေးတယ်တဲ့ဗျ။ ခင်ဗျားအသက်ပေးခဲ့ရတဲ့အတွက် ခွေးတွေသေတာတောင် မပျော်နိုင်ခဲ့တော့ဘူး။”ဟုTR အဖွဲ့က ဝမ်းနည်း​ကြောင်းပြောသည်။

“ပေးဆပ်ခဲ့ရတာ တွေအားလုဲးကဘယ်သူအတွက်လဲ ပြည်သူအတွက်ဂုဏ်ယူပါတယ်သူငယ်ချင်း 02” ဟု ဇီးရိုးတူးကျဆုံးကြောင်းသတင်းအောက်တွင် ပြည်သူတစ်ဦးက ပြောသည်။

အခြားပြည်သူတစ်ဦးကလည်း “ရုပ်ရှင်တွေထဲမှာပဲရှိတယ်လိုထင်တာအပြင်လောကကြီးမှာလဲရှိနေပါလား” ဟု မှတ်ချက်ပြုသည်။
ကွင်းပြင်အတွင်း လေသည်တဟူးဟူးတိုက်ခက်နေသည်။ ကောင်းကင်သည်လည်း မှိုင်းညို့ကာ တိမ်မည်းတွေ ဆင်နေသည်။ ရဲဘော်များသည်လည်း ရဲဘော်ဇီးရိုးတူးအတွက် စိတ်ထိခိုက်နေခဲ့ကြသည်။

အဖွဲ့တာဝန်ရှိသူက ရဲဘော်ဇီးရိုးတူးအတွက် အမိန့်ပြန်တမ်းကို ဖတ်ကြားလိုက်သည်။
“ရဲဘော် ဇီးရိုးတူးသည် ၃ရက် ၆ လ ၂၀၂၂ နေ့က အကြမ်းဖက်မိစ္ဆာများနှင့် အပြန်အလှန်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာဖြင့် ကျဆုံးခဲ့ရသည်။ ရဲဘော် 02 သင်သည် ယခုအချိန်မှစ၍ ကျွန်ုပ်တို့ ဗိုလ်လင်းယုန်အဖွဲ့နှင့် လုံးဝလုံးဝမှ မသက်ဆိုင်တော့ပြီဖြစ်၍ ရဲဘော် 02 သင်သွားလိုရာသွားနိုင်ကြောင်း အမိန့်ပြန်သည်။ ရဲဘော် 02 ကောင်းရာသုဂတိ လားပါစေ။”

စဥ့်ကူးမြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူက 02 အတွက် အမှတ်တရစကား အောက်ပါအတိုင်းပြောကြားသည်။

“02မင်းကစစ်မှန်တဲ့အမှန်တရားဘက်တော်သားပါ။အလိမ်အညာတွေမင်းမှာမရှိခဲ့ဘူး။ဒါကြောင့်ငါတို့အားလုံးက လေးစားမှုအပြည့်နဲ့ချစ်ခင်ခဲ့ကြတယ်။လက်တွဲခဲ့ကြတယ်။ဌာနေကိုမင်းပြန်သွားပေမယ့်ငါတို့ရဲ့လက်တွေဟာမင်းနဲ့အတူခိုင်ခိုင်မြဲမြဲတွဲထားဆဲဆိုတာမင်းသိစေချင်တယ်။မင်းဖြစ်ချင်တဲ့၊မင်းလုပ်ချင်တဲ့ဆန္ဒတွေလက်တွေ့ကျစေရမယ်လို့ငါတို့အားလုံးကတိပြုတယ် 02။ကောင်းရာဘုံဘဝကနေပြုံးပြုံးကြီးသာကြည့်နေပါတော့”။ ။

<

Leave a Reply

Your email address will not be published.