တစ်နှစ်နီးပါးရပ်နားခဲ့သည့် KBZဘဏ် ATMမှ တစ်ပတ်လျှင်ကျပ်သုံးသိန်း ထုတ်ယူနိုင်ပြီဟုဆို
စောနွေဦး/People’s Spring
တစ်နှစ်နီးပါးရပ်နားခဲ့သည့် ATM ငွေထုတ်စက်များမှ ငွေသားထုတ်မှုများကို ဇွန်လ၉ ရက်ကစတင်ပြီး တစ်ပတ်လျှင် ကျပ်သုံးသိန်း ပြန်လည်ထုတ်ပေးမည်ဟု KBZဘဏ်က ထုတ်ပြန်လိုက်သည်။
ပြန်လည်ထုတ်ပေးမည့်မြို့များတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပြီး စုစုပေါင်း နေရာ ၄၇ ခုတွင် ထုတ်ပေးမည်ဟု KBZဘဏ်က ဆို သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်စနစ်မှ ငွေသားထုတ်ယူခွင့်ကို စတင်ကန့်သတ်ခဲ့ပြီး ATMငွေထုတ်စက်များမှ ငွေသားထုတ်ပေးခြင်းကို ၂၀၂၁ စက်တင်ဘာလဆန်းမှ စတင်ပြီး လုံးဝရပ်တန့်ခဲ့သည်။
“ငွေရေးကြေးရေးလောကမှ သမိုင်းဝင်ဖြစ်ရပ်ပါ။ ကိုယ့်ငွေကို ကိုယ်ပြန်ထုတ်ဖို့ ကန့်သတ်ခန့်ရပြီး အခုလို့ပြန်ထုတ်ခွင့်ပေးတာ ရီစရာလိုဖြစ်နေပြီ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
KBZဘဏ်၏ ထုတ်ပြန်ချက်အရ တစ်လလျှင် ၁၂သိန်းပြန်လည်ထုတ်ပေးမည်ဟု ကြေညာခြင်းဖြစ်ပြီး ထိုနှုန်းထားဖြင့် ဘဏ်များ ပြန်လည်လည်ပတ်နိုင်အောင် စစ်ကောင်စီက စတင်ကြိုးစားနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“စစ်ကောင်စီက ငွေသားအသစ်တွေ ရိုက်နှိပ်ပြီးတော့ ATMစက်ကနေ ပြည်သူတွေစီကို ဖြန့်ပေးဖို့ လုပ်တာဖြစ်မယ်”ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရိုးမဘဏ်ကလည်း ဇွန်လ ၃ ရက်ကစတင်ပြီး ATMစက်များမှ ငွေထုတ်ယူရကြောင်းကို ၎င်းတို့ လူမှုကွန်ရက်တွင်ကြေညာခဲ့ပြီးနောက် KBZဘဏ်ကလည်း ယခုလို ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအလိုကြဆောက်ရွက်ပေးနေသည့် KBZ ဘဏ်သည် Kpay အကောင့်များပိတ်ထားခြင်းကြောင့် တော်လှန်ရေးရဲဘော််များက ယင်းဘဏ်အားသတိပေးသည့်အနေဖြင့် ATM စက်အချို့ကို ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
(KBZဘဏ် ATMမှ ငွေထုတ်ရန် စီတန်းစောင့်ဆိုင်းနေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – PS)