အိမ်အပြန်အလွမ်းကိုမမျှော်ဘူး စားဝတ်နေရေးကိုလည်း မတွေးဘူးဆိုတဲ့ ကိုပေါက်
ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီး
လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သ ရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။




အခုဆိုရင်တော့ မိသားစုနဲ့ဝေးရာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပြီး ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ စာသားလေးတစ်ချို့ကို ရေးသားလိုက်ပါတယ်။ ” အိမ်အပြန်အလွမ်းကိုလည်း မမျှော်ဘူး။
စားဝတ်နေရေး ထိုသုံးပါးလည်း ငါမတွေးဘူး၊နိုင်သလောက်ထမ်းပြီး ကူဖို့ထောက်ဖို့ ကြိုးစားရတဲ့အခါ နောက်ကနေပြီး ကန့်လန့်တော့ မတိုက်နဲ့ မင်းမလိုက်နိုင်ရင် နေခဲ့ ငါတို့ကတော့ ဆက်သွားမယ် ” လို့သူ့ရဲ့လူမူ့ကွန်ယက်မှာ တင်ထားတာကို တွေ့ရပါတယ်။




အိမ္အျပန္အလြမ္းကိုမေမွ်ာ္ဘူး စားဝတ္ေနေရးကိုလည္း မေတြးဘူးဆိုတဲ့ ကိုေပါက္
ဒါရိုက္တာ ကိုေပါက္ ကေတာ့ေတာ္လွန္ေရးႀကီးမွာျပည္သူေတြနဲ႕အတူအမွန္တရားဘက္ကပါဝင္ခဲ့ၿပီး
လမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာအားတက္သ ေရာပါဝင္ခဲ့တာေၾကာင့္ပုဒ္မ၅၀၅ကျဖင့္ မတရားအမႈဖြင့္ထားျခင္းခံရၿပီး ေဘးကင္းရာကိုေရွာင္တိမ္းေနခဲ့ရပါတယ္။




အခုဆိုရင္ေတာ့ မိသားစုနဲ႕ေဝးရာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာၿပီး က်ရာတာဝန္ကို ႀကိဳးစားထမ္းေဆာင္ေနတာလဲ ျဖစ္ပါတယ္။
ဒါရိုက္တာ ကိုေပါက္ ဟာ စာသားေလးတစ္ခ်ိဳ႕ကို ေရးသားလိုက္ပါတယ္။ အိမ္အျပန္အလြမ္းကိုလည္း မေမွ်ာ္ဘူး။
စားဝတ္ေနေရး ထိုသုံးပါးလည္း ငါမေတြးဘူး၊နိုင္သေလာက္ထမ္းၿပီး ကူဖို႔ေထာက္ဖို႔ ႀကိဳးစားရတဲ့အခါ ေနာက္ကေနၿပီး ကန႔္လန႔္ေတာ့ မတိုက္နဲ႕ မင္းမလိုက္နိုင္ရင္ ေနခဲ့ ငါတို႔ကေတာ့ ဆက္သြားမယ္ လို႔




သူ႕ရဲ႕လူမူ႕ကြန္ယက္မွာ တင္ထားတာကို ေတြ႕ရပါတယ္။