သမီးငယ် လက်ကမလွှတ်တဲ့ ထီနံပါတ်ကို ထိုးလိုက်ရာမှ မထင်မှတ်တာကြုံခဲ့ရတဲ့ အမျိုးသမီး

News

သမီးငယ် လက်ကမလွှတ်တဲ့ ထီနံပါတ်ကို ထိုးလိုက်ရာမှ မထင်မှတ်တာကြုံခဲ့ရတဲ့ အမျိုးသမီး

လောကကြီးမှာ အဆိုးတွေပဲ များလာတယ်လို့ ထင်ရနိုင်ပေမယ့် ကြည်နူးအံ့အားသင့်စရာ ဖြစ်ရပ်လေးတွေလည်း ဖြစ်ပျက်နေပါသေးတယ်။ မကြာသေးခင်က ဘန်ကောက်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်လေးက သက်သေပါပဲ။

ဘန်ကောက်မြို့က ငါးစိမ်းသည် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တုန်းက သူမ ဈေးရောင်းတဲ့နေရာဆီ သူမရဲ့ သမီးငယ်လေးကို ခေါ်လာခဲ့ပါတယ်။ သူမဟာ ဈေးလမ်းမကနေ ငါးဒိုင်ဆီ သွားနေခဲ့တုန်း

ထီသည်တစ်ယောက်နဲ့လည်း တွေ့ခဲ့ပါတယ်။ ထီသည်နဲ့ တွေ့စဉ်မှာတော့ ကလေးငယ်လေးဟာ ထီလက်မှတ်တွေကို အရမ်းသဘောကျသွားခဲ့ပြီး မိခင်ဖြစ်သူတောင် တားချိန်မရလိုက်ဘဲ ထီလက်မှတ် (၂) စောင်ကို လုယူလိုက်ပါတော့တယ်။

မိခင်ဖြစ်သူက ကလေးငယ် လက်ထဲက ထီလက်မှတ်တွေကို ပြန်လွှတ်ခိုင်းဖို့ လုပ်ပေမယ့် ကလေးလေးက အသားကုန် အော်ငိုတော့တာကြောင့် မိခင်လည်း မတတ်နိုင်တော့ဘဲ ထီလက်မှတ် (၂) စောင်ထဲက (၁) စောင်ကို ဝယ်လိုက်ရပါတော့တယ်။

ထို့နောက်မှာတော့ အမျိုးသမီးဟာ အမှုမဲ့အမှတ်မဲ့ပဲ ထီလက်မှတ်အကြောင်းကို မတွေးမိဘဲ ညနေဘက်ရောက်တော့ အိမ်ပြန်သွားခဲ့ပါတယ်။မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ် ကံကောင်းမှုကြီးတစ်ခုကတော့ ထိုဈေးသည်အမျိုးသမီး သူမ ထိုးခဲ့တဲ့ ထီလက်မှတ်ကို တိုက်ကြည့်မိခဲ့တဲ့ အချိန်ပါပဲ။

သမီးငယ်လေး လက်က မလွှတ်ပေးခဲ့လို့ ဝယ်ခဲ့ရတဲ့ ထီလက်မှတ်ဟာ ပေါက်ဂဏန်းနဲ့ ထီတစ်စောင် ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ကံကောင်းလှတဲ့ အမျိုးသမီးဟာ တစ်ညအတွင်းမှာပဲ မီလျံနာဖြစ်သွားခဲ့ပြီး သူမ ရရှိတဲ့ ဆုကြေးငွေကတော့

ဘတ် ၆ သန်း (မြန်မာကျပ်ငွေ သိန်း ၃ ထောင်နီးပါး) ဖြစ်ပါတယ်။ အမျိုးသမီးဟာ အခုလို ငွေအလုံးအရင်းလိုက် ရုတ်တရက်ဝင်မှုကြောင့် အလွန်ပင် အံ့အားသင့်နေခဲ့ပြီး ထီလက်မှတ်ကိုလည်း တရားဝင်ဟုတ် မဟုတ် ရဲစခန်းအထိ သွားရောက်စစ်ဆေးကြည့်ခဲ့ပါသေးတယ်။

ထို့နောက်မှာတော့ ဆုငွေသွားရောက်ထုတ်ယူခဲ့ပြီး သူမရဲ့ သမီးငယ်လေးက တကယ်ကို မိကံကောင်းလေးလို့ အမွှမ်းတင်နေခဲ့ပါတယ်။ ရရှိတဲ့ ဆုကြေးငွေကိုလည်း မိကံကောင်းလေးရဲ့ ပညာရေးမှာ ထည့်သုံးသွားမယ်လို့လည်း အမျိုးသမီးက ပြောခဲ့ပါတယ်။

Credit Original writer

Leave a Reply

Your email address will not be published.