ပခုက်ကူ ကပြျထိုးရဲစခနျးအား PDF ဝငျတိုကျ၊ စဈအုပျစု ၂၀ ခနျ့ေ သဟု ထုတျပွနျ

News

<

ပခုက္ကူ ကျပ်ထိုးရဲစခန်းအား PDF ဝင်တိုက်၊ စစ်အုပ်စု ၂၀ ခန့်သေဟု ထုတ်ပြန်

မဲခေါင်၊ ဇွန် ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းအား ပခုက္ကူ PDF က ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား၊ ကဲနှင့် ပျူစောထီးအဖွဲ့ စုစုပေါင်း ၂၀ ခန့်သေဆုံးသည်ဟု ထုတ်ပြန်သည်။

ပခုက္ကူ PDF က ၄၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်ကူ ကား ၁ စီးရောက်လာသောကြောင့် ရဲစခန်းအား ဝင်ရောက်စီးနင်း မီးရှို့နိုင်ခြင်းမရှိခဲ့ဟု ထုတ်ပြန်သည်။

မြစ်ခြေဘက်မှ ထွက်လာသည့် စစ်ကောင်စီကား ၁ စီးနှင့် ကမ္မဘက်မှထွက်လာသည့် ရဲကား ၁ စီးတို့အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ကျပ်ထိုးရဲစခန်းအား ဝင်ရောက်စီးနင်းမီးမရှို့နိုင်ခဲ့သော်လည်း စခန်းအဆောက်အဦများ ပျက်စီးခဲ့ကြောင်း ပခုက္ကူ PDF က ထုတ်ပြန်သည်။
စစ်အုပ်စုဘက်မှ ၂၀ ထက်မနည်းသေဆုံးခဲ့သလို ပခုက္ကူ PDF ဘက်မှလည်း ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.