ဖက်ဒရယ်စနစ်နှင့်အညီ ပြည်သူကို ဝန်ဆောင်မှုပေးသည့် ရဲလုပ်ငန်းစဉ်ပေါ်ပေါက်အောင် ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ကတိပြု

News

NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” နှင့်အညီ “ပြည်သူ့ ရဲတပ်ဖွဲ့” ကို ယနေ့ဖွဲ့စည်းကြောင်း ကြေညာအပြီး ဖက်ဒရယ်စနစ်နှင့်အညီ ပြည်သူကို ဝန်ဆောင်မှုပေးသည့် ရဲလုပ်ငန်းစဉ်ပေါ်ပေါက်အောင် ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ကတိပြုပြောကြားလိုက်သည်။

NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ““ဖက်ဒရယ်ချာတာနဲ့အညီ ဖက်ဒရယ်ချာတာမှာဖော်ပြထားတဲ့ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အခြေခံမူတွေနဲ့ ကိုက်ညီတဲ့ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ရဲလုပ်ငန်းစဉ်ပေါ်ပေါက်လာ ရေးကိုလည်းကြိုးစားသွားဖို့ဖြစ် ပါတယ်”ဟု ယနေ့တွင် ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် အမိန့်စာဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်ပြီး တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်မည်ဖြစ်ကြောင်း ကြေညာချက်ဖြင့် ဖော်ပြသည်။

“အခု NUG ရဲ့အုပ်ချုပ်မှုနယ်မြေတွေကို စတင်တည်ထောင်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်မှုစတင်တည်ထောင်တဲ့ နယ်မြေတွေမှာ ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့ပတ်သက်တဲ့ လုံခြုံမှုကိုတာဝန်ယူဖို့ဖြစ်ပါတယ်။ တာဝန်ယူတယ်ဆိုတဲ့နေရာမှာ ကြားကာလမှာ အလျှောက် ကျွန်တော်တို့တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပြီးတော့ ပြည်သူလူထုနဲ့ပူးပေါင်းပြီး တော့ တာဝန်ယူမှုကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးလွင်ကိုလတ်က အသိပေးထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေကို CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူများဖြင့် ပါဝင်ရေးဆွဲခဲ့ကြောင်း သိရှိရသည်။

Source – PVTV
Photo – U Lwin Ko Latt Facebook

Leave a Reply

Your email address will not be published.