နတ္႐ုပ္ထုကို အေဖာ္ခြၽတ္ပံုစံျပဳလုပ္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရသူ

News

Zawgyi

 

ထိုင္းႏိုင္ငံက ဆုေတာင္းျပည့္နာမည္ႀကီး နတ္႐ုပ္တုကို အေဖာ္အခြၽတ္နဲ႔ Sexy ပုံစံထုလုပ္တဲ့ တက္တူးဆရာ ျပစ္တင္ေဝဖန္ခံရ

ထိုင္းႏိုင္ငံက ႂကြယ္ဝခ်မ္းသာျခင္းနဲ႔ ဆုေတာင္းျပည့္ နတ္႐ုပ္တုကို လွပ္ေပၚေလာ္လီ sexy က်တဲ့ အျပင္အဆင္ပုံစံနဲ႔ ထုလုပ္ခဲ့တဲ့ တက္တူးပညာရွင္တစ္ဦးရဲ႕ ဆိုရွယ္မီဒီယာေပၚက မွ်ေဝခဲ့တဲ့ နတ္႐ုပ္တု ဓာတ္ပုံေတြဟာ လူေျပာမ်ားၿပီး ျပစ္တင္ေဝဖန္မႈေတြ ခံေနရတယ္လို႔ သိရပါတယ္။

တက္တူးပညာရွင္ Ajarn Joe လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ ထိုင္းႏိုင္ငံက စည္းစိမ္ႂကြယ္ဝျခင္း နတ္ Nang Kwak ရဲ႕ ႐ိုးရာဝတ္စုံအစား အေဖာ္အခြၽတ္ပုံစံနဲ႔ ဝတ္စားဆင္ယင္ေစတဲ့ ႐ုပ္တုေတြ ထုလုပ္ၿပီး

လူမႈကြန္ရက္စာမ်က္ႏွာေပၚ မွ်ေဝခဲ့ရာကေန အျငင္းပြားမႈေတြေပၚေပါက္ကာ အြန္လိုင္းအသုံးျပဳ သူေတြမ်ားစြာက ဒါဟာ မသင့္ေလ်ာ္ဘူးဆိုတဲ့အေၾကာင္းကို ထင္ျမင္ခ်က္ေရးသားထားပါတယ္။ ၎ဟာ မသင့္ေလ်ာ္ ဘူးဆိုတာနဲ႔ ထိုင္း႐ိုးရာနဲ႔ ယုံၾကည္မႈကို ပ်က္ျပားေစတယ္လို႔ ဆိုပါတယ္။

စည္းစိမ္ဥစၥာနဲ႔ ကံတရား နတ္ ဒါမွ မဟုတ္ Nang Kwak လို႔ ေခၚတဲ့ နတ္ဟာ ဆုေတာင္းသူေတြ အတြက္ ကံေကာင္းျခင္း၊ လာဘ္လာဘမ်ားေပးျခင္း၊ ႀကီးပြားခ်မ္းသာျခင္းကို ယူေဆာင္ေပးလာ တာေၾကာင့္ ထိုင္း လူမ်ိဳးေတြၾကား အထူးေရပန္းစားပါတယ္။

စားေသာက္ဆိုင္အဝင္အဝ နဲ႔ စီးပြားေရးလုပ္ငန္း မ်က္ႏွာစာေတြမွာ အဆိုပါ Nang Kwak နတ္႐ုပ္ထုကို ထားရွိျခင္းျဖင့္ လာဘ္ေခၚစီးပြားျဖစ္ကာ ေဖာက္သည္ေတြကိုလည္း ဆြဲေဆာင္ႏိုင္တယ္လို႔ သိရပါတယ္။

Pathum Thani အလယ္ပိုင္းက အဆိုပါအမ်ိဳးသားရဲ႕ တက္တူးစတူဒီယိုမွာ Nang Kwak နတ္႐ုပ္ထုရဲ႕ ႐ိုးရာဝတ္စုံနဲ႔ မဟုတ္တဲ့ အျမင္မသင့္ေတာ္႐ိုင္းစိုင္းတယ္လို႔ ဆိုတဲ့ အဝတ္အစား အေရာင္ကြဲေတြ မ်ားစြာနဲ႔ ထုလုပ္ထားတဲ့ နတ္႐ုပ္တုေတြမ်ားစြာရွိတာကိုလည္း ေတြ႕ရပါတယ္။

လက္တေလာမွာေတာ့ ဒီသတင္းက ထိုင္းမီဒီယာေတြၾကား ဟိုးေလးတေၾကာ္ျဖစ္ေနၿပီး Ajarn Joe ကေတာ့ သူ႔ရဲ႕ ဒီလို sexy အသြင္အျပင္နဲ႔ နတ္႐ုပ္တု က ႏိုင္ငံျခားသားေဖာက္သည္ေတြၾကား အလြန္ ေရပန္းစားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ေနာက္ၿပီး တ႐ုတ္၊ ထိုင္ဝမ္၊ ေဟာင္ေကာင္၊ စင္ကာပူ၊ မေလးရွား ႏိုင္ငံတို႔မွာ ႐ုပ္တု တစ္ခုလွ်င္ ဘတ္ ၄ ေထာင္နဲ႔ ေရာင္းခ်ႏိုင္တယ္လို႔ ဆိုပါတယ္။

Ref:thethaiger
#ဘန္ေကာက္လမ္းၫြန္ကိုစိုင္း

Unicode

ထိုင်းနိုင်ငံက ဆုတောင်းပြည့်နာမည်ကြီး နတ်ရုပ်တုကို အဖော်အချွတ်နဲ့ Sexy ပုံစံထုလုပ်တဲ့ တက်တူးဆရာ ပြစ်တင်ဝေဖန်ခံရ

ထိုင်းနိုင်ငံက ကြွယ်ဝချမ်းသာခြင်းနဲ့ ဆုတောင်းပြည့် နတ်ရုပ်တုကို လှပ်ပေါ်လော်လီ sexy ကျတဲ့ အပြင်အဆင်ပုံစံနဲ့ ထုလုပ်ခဲ့တဲ့ တက်တူးပညာရှင်တစ်ဦးရဲ့ ဆိုရှယ်မီဒီယာပေါ်က မျှဝေခဲ့တဲ့ နတ်ရုပ်တု ဓာတ်ပုံတွေဟာ လူပြောများပြီး ပြစ်တင်ဝေဖန်မှုတွေ ခံနေရတယ်လို့ သိရပါတယ်။

တက်တူးပညာရှင် Ajarn Joe လို့ အမည်ရတဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံက စည်းစိမ်ကြွယ်ဝခြင်း နတ် Nang Kwak ရဲ့ ရိုးရာဝတ်စုံအစား အဖော်အချွတ်ပုံစံနဲ့ ဝတ်စားဆင်ယင်စေတဲ့ ရုပ်တုတွေ ထုလုပ်ပြီး

လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့ရာကနေ အငြင်းပွားမှုတွေပေါ်ပေါက်ကာ အွန်လိုင်းအသုံးပြု သူတွေများစွာက ဒါဟာ မသင့်လျော်ဘူးဆိုတဲ့အကြောင်းကို ထင်မြင်ချက်ရေးသားထားပါတယ်။ ၎င်းဟာ မသင့်လျော် ဘူးဆိုတာနဲ့ ထိုင်းရိုးရာနဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။

စည်းစိမ်ဥစ္စာနဲ့ ကံတရား နတ် ဒါမှ မဟုတ် Nang Kwak လို့ ခေါ်တဲ့ နတ်ဟာ ဆုတောင်းသူတွေ အတွက် ကံကောင်းခြင်း၊ လာဘ်လာဘများပေးခြင်း၊ ကြီးပွားချမ်းသာခြင်းကို ယူဆောင်ပေးလာ တာကြောင့် ထိုင်း လူမျိုးတွေကြား အထူးရေပန်းစားပါတယ်။

စားသောက်ဆိုင်အဝင်အဝ နဲ့ စီးပွားရေးလုပ်ငန်း မျက်နှာစာတွေမှာ အဆိုပါ Nang Kwak နတ်ရုပ်ထုကို ထားရှိခြင်းဖြင့် လာဘ်ခေါ်စီးပွားဖြစ်ကာ ဖောက်သည်တွေကိုလည်း ဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။

Pathum Thani အလယ်ပိုင်းက အဆိုပါအမျိုးသားရဲ့ တက်တူးစတူဒီယိုမှာ Nang Kwak နတ်ရုပ်ထုရဲ့ ရိုးရာဝတ်စုံနဲ့ မဟုတ်တဲ့ အမြင်မသင့်တော်ရိုင်းစိုင်းတယ်လို့ ဆိုတဲ့ အဝတ်အစား အရောင်ကွဲတွေ များစွာနဲ့ ထုလုပ်ထားတဲ့ နတ်ရုပ်တုတွေများစွာရှိတာကိုလည်း တွေ့ရပါတယ်။

လက်တလောမှာတော့ ဒီသတင်းက ထိုင်းမီဒီယာတွေကြား ဟိုးလေးတကြော်ဖြစ်နေပြီး Ajarn Joe ကတော့ သူ့ရဲ့ ဒီလို sexy အသွင်အပြင်နဲ့ နတ်ရုပ်တု က နိုင်ငံခြားသားဖောက်သည်တွေကြား အလွန် ရေပန်းစားကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား နိုင်ငံတို့မှာ ရုပ်တု တစ်ခုလျှင် ဘတ် ၄ ထောင်နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။

Ref:thethaiger
#ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a Reply

Your email address will not be published.