>
ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယ်လို့ ပြောခဲ့တာ မှန်ခဲ့ပါတယ်။
အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား…
မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်
သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း
စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။
(၁)လောကပါလ နတ်မင်းကြီး
(၂)သာသနာစောင့် နတ်မင်းကြီး
ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊ သီလ၊ ဘာဝနာ တစ်ခုခုပြုပြီးတိုင်း“လောကပါလနတ်မင်းကြီး နှင့်
သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။
ကိုယ်/စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို
လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ” လို့ (၃)ခေါက်ရွတ်ပြီး အထူးမေတ္တာပို့ပါ။
ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ် ( ဥပမာ။ ။ ရှင်ပြုအလှူ၊ ကျောင်းအလှူ၊
ရေတွင်းရေကန် တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်း ဝိပသနာ တရားအားထုတ်ခဲ့မှု ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခဲ့မှု )
စသည့် ကုသိုလ်များနှင့်တကွ မိမိတသက်တာပြုခဲ့သော ကုသိုလ်အစုစုအား လောကပါလနတ်မင်းကြီး၊
သာသနာစောင့်နတ်မင်းကြီးနှင့် လောကပါလအစောင့်အရှောက်များအားလုံးကို အမျှဝေပါသည်။
သာဓုခေါ်ဆိုကြပါ”ဆိုပြီး သေချာအမျှပေးဝေပါ။ “မတရား ရိုက်နှက် သတ်ဖြတ်ခြင်း၊
အကြမ်းဖက်ခြင်း ခံနေရသည့် ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးပြီး
လောကပါလတရား ပြန်လည်ထွန်းကားလာပါရစေ” ဆုတောင်းပါ။ တကယ်ထိရောက်ပါတယ်။
Credit
=============
zawgyi

Credit – Original Writer