အားလုံးအတွက် သရုပ်ဆောင်မင်းမော်ကွန်း ရေးလိုက်တဲ့စာ

News

စကတည်းကတရားမျှတမှုမရှိ

ဥပဒေနဲ့မညီထင်ရာစိုင်းပြီးလုပ်ချင်တာလုပ်ခဲ့တဲ့

အကြမ်းဖက်ခွေးရူးတွေဆီက

တရားမျှတမှုနဲ့ဥပဒေကိုမျှော်လင့်နေရင်

အားလုံးရူးရာကျပါလိမ့်မယ်

သေဒါဏ်ကိုအတည်ပြုဖို့သမ္မတလက်မှတ်ထိုးဖို့လိုတာ

သေဒါဏ်မှာအယူခံဝင်ခွင့်ရှိတာ

ဘာတစ်ခုမှဂရုစိုက်မှာမဟုတ်ပါဘူး

သူတို့သတ်ချင်ရင်သတ်မှာပါပဲ

ခုမှသေဒါဏ်ဆိုပြီးစောက်ကြီးစောက်ကျယ်လုပ်နေတာ

သေဒါဏ်မပေးလည်းသတ်တာပါပဲ

အစုလိုက်အပြုံလိုက်မီးရို့သတ်တာတွေတောင်

အကြိမ်ပေါင်းများစွာကျူးလွန်ခဲ့တာပဲလေ

ဒါဆိုကျွန်တော်တို့ခင်များတို့ဘာမှမတတ်နိုင်

ဘာမှမလုပ်ပေးနိုင်တော့ဘူးလား…..

မဟုတ်ပါဘူး

ကျွန်တော်တို့အားလုံးလုပ်စရာကတစ်ခုထဲပါပဲ

သူတို့ကကြောက်စေချင်ရင် ပို ရဲရင့်ကြ

သူတို့ကတော်လှန်ရေးကိုအားနဲစေချင်ရင်

အဆပေါင်းများစွာအားကြီးလာအောင်

ဆောက်တည်ကြ ဒါပါပဲ


ကိုဂျင်မီအတွက် ဇေယျာသော်အတွက်

သေမိန့်ချခံရသူအားလုံးရှင်သန်ခွင့်ရဖို့အတွက်

အဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ

ပြန်လည်လွတ်မြောက်ဖို့အတွက်

ကျဆုံးခဲ့ရတဲ့သူရဲကောင်းတွေအတွက်

အိမ်တွေရွာတွေမီးရှို့ခံရတဲ့ပြည်သူတွေအတွက်

စစ်ဘေးရှောင်တွေအတွက်

CDM တွေအတွက်

မြို့ပြပျောက်ကျားတွေ PDFတွေအတွက်

ပြည်သူအားလုံးအတွက်

လုပ်ရမယ့်တစ်ခုတည်းသောအလုပ်က

တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ဖို့ပါပဲ

အခုလက်ရှိလှူနေကူနေတဲ့သူတွေပိုလှူပိုကူပါ

မပါသေးတဲ့သူတွေအေးရာအေးကြောင်း

ကိုယ်နဲ့မဆိုင်သလိုမနေပဲ ဝင်ပါပေးကြပါ

ကျွန်တော်တို့တော်လှန်ရေးကြီး

အထိအခိုက်အကျအဆုံးများလှပြီဗျာ

အမြန်ဆုံးအောင်မြင်ဖို့

အရေးတကြီးလိုအပ်နေပါပြီ

credit; သရုပ်ဆောင်မင်းမော်ကွန်း

Leave a Reply

Your email address will not be published.