ေ သဒဏျကိုအတညျပွုမှ သ တျတာမဟုတျဘူး လူမသိသူမသိ သ တျပ ဈနတောမှ စဈကွောရေးမှာ အမြားကွီး
သေဒဏ်ကို အတည်ပြုမှ သတ်တာလည်း မဟုတ်ဘူး။ လူမသိသူမသိ သတ်ပစ်နေတဲ့သူတွေမှ စစ်ကြောရေးမှာ အများကြီး။
ဥပဒေအရဆိုရင် သေဒဏ်ပေးတယ်ဆိုတာ သူတို့လူသတ်တာလောက် လွယ်တဲ့အရာ မဟုတ်ဘူး။ကြိုးမိန့်ကို ယာယီအုပ်ချုပ်တဲ့သူက ပေးခွင့်မရှိဘူး။
သေဒဏ်(ကြိုးမိန့်) ကို ပြည်သူရွေးချယ် တင်မြှောက်တဲ့ အစိုးရ(သမ္မတ)ကပဲ စီရင်ပိုင်ခွင့် ရှိတယ်။ စကစမှာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ သမ္မတ မရှိဘူး။
သေဒဏ်ပေးမယ်ဆိုရင်တောင် ချက်ချင်းကြိုးပေးသတ်လို့ မရဘူး။ အယူခံ တင်သွင်းခွင့်ရှိတယ်။ အယူခံတင်သွင်းရင်
တရားရုံးအဆင့်ဆင့်တက်ရတဲ့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကြာမြင့်ပါတယ်။ မြန်မာနိုင်ငံက သေဒဏ်(ကြိုးမိန့်) ပယ်ဖျက်ရေးအဖွဲ့မှာ လက်မှတ်ထိုးသားပြီးသား။
အခုချက်ချင်း သေဒဏ်ချ၊ ချက်ချင်း အယူခံပယ်ချ၊ ချက်ချင်းသတ်ဆိုတာ သူတို့ပါးစပ်ကပြောနေတဲ့ ဥပဒေနဲ့ အညီဆိုရင် ဖြစ်စရာလမ်း မရှိဘူး။
သတ်ကို သတ်မယ်ဟေ့ဆိုပြီး သတ်ရင်တော့ ရတယ်။ ဒါပေမယ့် ဒါဟာ ကြိုးမိန့်ပေးတာ မဟုတ်ဘူး။ နိုင်ငံတကာနဲ့ နိုင်ငံသားအားလုံးရှေ့မှာ ဗြောင်သတ်ဖြတ်ပြတဲ့ လူသတ်မှုပဲ။
ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဖမ်းလိုက်တာနဲ့ တော်လှန်ရေးဟာ ရပ်မသွားခဲ့ကြောင်း ပြည်သူက သက်သေပြခဲ့ပြီးပြီ။
ဘာတွေဥာဏ်ပုပြီး သတ်မယ်လုပ်ပြပြ၊ သတ်ပဲသတ်သတ် တော်လှန်ရေးဟာ ရပ်သွားစရာ လမ်းမရှိဘူး။
ကိုဂျင်မီဟာ ကိုဂျင်မီတွေ အများကြီး ထားခဲ့ပြီးပြီ။ ဇေယျာသော်ဟာ ဇေယျာသော်တွေ အများကြီး ထားခဲ့ပြီးပြီ။
စောက်ကြီးစောက်ကျယ် ကြိုးမိန့်ဆိုတဲ့ စကားကို နင်တို့ပါးစပ်ပေါက်က မထွက်ကြနဲ့။ လူသတ်မှုကျူးလွန်မယ်လို့ တည့်တည့်ပြောလိုက်။
ပြည်သူကို အကြောက်တရားထည့်ဖို့ ကြိုးစားရုံအပြင် ဘာမှဆက်လုပ်စရာမရှိတော့တဲ့ လမ်းဆုံးနေတဲ့ အရှုံးသမားတွေ။
Credit – Original Writer