သမီးလေးကြောင့် စိတ်အားတင်းပြီး ရှင်သန်နေရကြောင်း ၀မ်းနည်းစွာရင်ဖွင့်လာတဲ့ သရုပ်ဆောင်သက်မွန်မြင့်
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်သက်မွန်မြင့်ကသမီးလေးကြောင့် စိတ်အားတင်းပြီး ရှင်သန်နေရကြောင်းအခုလို၀မ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။
သရုပ်ဆောင်သက်မွန်မြင့်ကကိုယ့်မှာ စိတ်မာ အကြောမာ အမေကို အရမ်းချစ်တဲ့ သမီးလေးရှိတာ ကံကောင်းမှုထဲက တခုပါပဲ၊နေတွေမကောင်း စိတ်ကျပြီး ဝမ်းနည်းလို့ မျက်ရည်ကျချိန် မေမေ ဘာလို့ငိုတာလဲ၊သမီးဘာလုပ်ပေးရမလဲနဲ့၊တစ်ရှုးပြေးယူပြီး သုတ်သုတ်ပေးတာ၊အာဘွားတွေ ပေးတာ၊သူတို့လေးတွေနဲ့ ရှင်သန်ရတယ်။
သူတို့ဘဝလေးတွေ လှပဖို့ အမေတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးရဦးမယ်၊ကပ်ကြီး မြန်မြန်ပြီးပါစေ၊ကမ္ဘာကြီး မြန်မြန် ကျန်းမာပါစေ၊နေလေးထွက်လာတုန်း အပင်တွေ အကုန် နေပြချိန် အမြန်ပြေးရိုက်ခြင်း အမှတ်တရ၊မိတ်ကပ်လိမ်းချိန်တောင်မရဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Zawgyi Vision