Telenor Myanmar ကို မေလ ၃၀ ရက်မှစ၍ Atom Myanmar အဖြစ် ပြောင်းလဲ
ရန်ကုန်၊ ဇွန် ၂
လူငယ့်ခေတ်
မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းခန့်ရှိသော ဆက်သွယ်ရေးကုမ္ပဏီ Telenor Myanmar ကို ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်မှစ၍ Atom Myanmar အမည်သို့ ပြောင်းလဲလိုက်ကြောင်း ဇွန်လ ၁ ရက် ကထုတ်ပြန်သည်။
Telenor Myanmar မှ Atom Myanmar သို့အမည်ပြောင်းလဲရုံကလွဲ၍ လက်ရှိသုံးစွဲနေမှုများအပေါ် မည်သည့် သက်ရောက်မှုမျှရှိမည်မဟုတ်ဘဲ သုံးစွဲသူများကို ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီသည် တယ်လီနော မြန်မာကို လက်ဘနွန် နိုင်ငံမှ M1 Group နှင့် စစ်ကောင်စီနှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူလုပ်ငန်းစုထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ပြီးခဲ့သည့်မတ်လအတွင်းကထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ တယ်လီနောအမှတ်တံဆိပ်ဖြင့် ၆ လကြာ ဆက်လက် တည်ရှိနေမည်ဟုဖော်ပြထားပြီး ၆ လ ပြီးနောက်မှသာ ဝန်ဆောင်မှုလုပ်ငန်းလွှဲပြောင်းခြင်းကို သဘောတူညီထားသည်ဟု ဖော်ပြထားခဲ့သည်။
ထိုသို့ရောင်းချရာတွင် တယ်လီနော သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ စစ်ကောင်စီ ထံသို့ရောက်ရှိမည်ဖြစ်သော ကြောင့် အရပ်ဖက်အဖွဲ့ အစည်းများက ကန့်ကွက်ခဲ့ကြသည်။
တယ်လီနောမြန်မာကို လွှဲပြောင်းလက်ခံရန် M1 Group သည် စင်ကာပူနိုင်ငံ၌ Invest comအမည်ဖြင့် ကုမ္ပဏီတည်ထောင်ခဲ့ပြီး ၎င်း ကုမ္ပဏီ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းခန့်ကို ရွှေဗျိုင်းဖြူက ပိုင်ဆိုင်မည်ဖြစ် သည်။
ရွှေဗျိုင်းဖြူ ကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွါးရေး ဦးပိုင်လီမိတက်၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းဖြန့်ချိသည့်လုပ်ငန်းကိုလုပ်ကိုင်နေသည်။ ထို့ပြင် လောင်စာဆီ လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ ကျောက်စိမ်းနှင့် အခြားကျောက်မျက် တူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှ ထွက်ခွါသွားခဲ့ကြပြီး နော်ဝေနိုင်ငံအခြေစိုက်တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီလည်းတစ်ခုအပါအဝင်ဖြစ်သည်။

Credit – Original Writer