စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးကို သူ့ကလေးတွေနဲ့အတူ စောင့်ရှောက်ထားတဲ့ ခွေးမေမေကြီး
ခွေးလေးတွေက တစ်ခါတရံမှာ လူသားတွေထက်တောင် မေတ္တာပိုကြီးနေတတ်ပါတယ်။
အဲဒီအကြောင်းကိုတော့ အိန္ဒိယနိုင်ငံက ခွေးမေမေကြီး တစ်ကောင်က သက်သေပြသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Chhattisgarh ခရိုင် Lormi ရွာက ရွာခံတွေဟာကလေးငိုသံကြားလို့ လိုက်ရှာကြည့်လိုက်တဲ့
အခါ ကောက်ရိုးပုံထဲမှာ မွေးကင်းစကလေးလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ကောက်ရိုးပုံထဲမှာ ကလေးမွေးထားတဲ့ ခွေးမေမေတစ်ကောင်နဲ့ သူ့ကလေးတွေကိုလည်း တွေ့လိုက်ရပါတယ်။
မွေးကင်းစ ကလေးလေးကမိန်းကလေး ဖြစ်ပြီးတော့ ကောက်ရိုးပုံထဲမှာ လာပြီးစွန့်ပစ်သွားခဲ့တာပါ။
ဒါပေမယ့် ခွေးမေမေက လူသားကလေးလေးကိုသူ့ကလေးတွေနဲ့ အတူတူ စောင့်ရှောက်ပေးနေတာပါ။
ကလေးလေးက မွေးကင်းစကလေးလေးဖြစ်တာကြောင့် ချက်ကြိုးတောင် မဖြတ်ရသေးပါဘူး။အဝတ်အစားလည်းမပါလာပါဘူး။
ဒါပေမယ့် ခွေးမေမေက ကလေးလေးကို အန္တရာယ်မဖြစ်အောင်
နွေးနွေးထွေးထွေး စောင့်ရှောက်ပေးထားပါတယ်။
ဒီဇင်ဘာလဆိုတော့ ညဘက်မှာ ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးတယ်။
ခွေးလေးတွေရဲ့အနွေးဓါတ်နဲ့ ခွေးမကြီးရဲ့အနွေးဓါတ်ကြောင့် ကလေးလေးက အသက်ဆက်ရှင်နေတာပဲဖြစ်မယ် လို့ ကလေးလေးကို စတင်တွေ့တဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။
အခုတော့ ကလေးလေးကို ဆေးရုံကို ခေါ်သွားလိုက်ပါပြီ။
ကံကောင်းလို့ မသေခဲ့တဲ့ ကလေးလေးကို Akankshaလို့ နာမည်ပေးလိုက်ကြပါတယ်။ နာမည်ရဲ့အဓိပ္ပါယ်ကတော့ ပြင်းပြတဲ့ဆန္ဒ ပါ။
မွေးကင်းစကလေးတွေကို စွန့်ပစ်မှုဟာ ပိုပိုများလာကြောင်း၊ ဒီလို အဖြစ်တွေက ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရကြောင်း
ထိထိရောက်ရောက် အပြစ်ပေးသင့်ကြောင်း အိန္ဒိယရဲအရာရှိ Dipanshu Kabra က သူ့ရဲ့ Twitter မှာ တင်ထားခဲ့ပါတယ်။
Credit – Original Writer
Zawgyi