အင်အား များပြားလွန်းသည့် ကိုယ်ပိုင်စစ်တပ် ရှိနေပြီဟု NUG ဝန်ကြီးပြော

News

အင္အား မ်ားျပားလြန္းသည့္ ကိုယ္ပိုင္စစ္တပ္ ရွိေနၿပီဟု NUG ဝန္ႀကီးေျပာ

အင္အား မ်ားလြန္းသည့္ ကိုယ္ပိုင္စစ္တပ္ကို ပိုင္ဆိုင္သည့္ အစိုးရ တစ္ရပ္ ရွိေနၿပီဟု အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက ေျပာသည္။ယူေက (United Kingdom) ၊ လန္ဒန္ၿမိဳ႕၌ေရာက္ေနသည့္ NUG ပညာေရးဝန္ႀကီး ေဒါက္တာ ေဇာ္ေဝစိုးက ေမလ ၂၉ ရက္ေန႔က ျပဳလုပ္သည့္

ယူေကေရာက္ ျမန္မာမ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ ထိုသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။“ဘယ္တုန္းကမွ အဲဒီလို မရွိခဲ့တဲ့ကိုယ္ပိုင္တပ္ ရွိတဲ့ အစိုးရတစ္ခု အေနနဲ႔ ရွိေနၿပီ” ဟု ေဒါက္တာ ေဇာ္ေဝစိုးက ေျပာသည္။စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းလိုက္သည့္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (PDF) ထဲတြင္ တပ္ဖြဲ႕ဝင္ အင္အားခန္႔မွန္း၍

မရေအာင္ ရွိေနသည္ဟု ၎က ဆိုသည္။ျပည္သူ႔ ကာကြယ္ေရး တပ္မေတာ္ (PDF) ဖြဲ႕စည္းၿပီး တစ္ႏွစ္တာကာလအတြင္း PDF တပ္ရင္း တပ္ဖြဲ႕ ၁၀၀ ေက်ာ္၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ၂၅၀ ေက်ာ္ ဖြဲ႕စည္းႏိုင္ခဲ့သည္ဟုဧၿပီလ ၁၆ ရက္ေန႔တြင္ က်င္းပသည့္ NUG တစ္ႏွစ္ျပည့္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အတူ ေဒသတြင္း

ေတာ္လွန္ေရး အဖြဲ႕အစည္း ၃၅၀ ေက်ာ္အနက္ ၁၀၀ ေက်ာ္အား NUG ကာကြယ္ေရး ဝန္ႀကီး ဌာနေအာက္ရွိတပ္ရင္းတပ္ဖြဲ႕မ်ားတြင္ ေပါင္းစပ္ ဖြဲ႕စည္းၿပီး ျဖစ္သည္ဟုလည္း ဆိုထားသည္။“ကြၽန္ေတာ္တို႔က ျပည္သူ႔စစ္ ျဖစ္တဲ့အတြက္ အဲဒီလူေတြ အကုန္လုံးကို လက္နက္ တပ္ဆင္စရာ မလိုပါဘူး” ဟု ေဒါက္တာ ေဇာ္ေဝစိုးက ေျပာသည္။

NUG အစိုးရသည္ စစ္အာဏာရွင္ ျပဳတ္က်ေရးအတြက္ မဟာဗ်ဴဟာ ငါးခ်က္ျဖင့္ လုပ္ေဆာင္ေနျခင္း ျဖစ္ၿပီးလက္ရွိတြင္ ထိုအခ်က္ ငါးခ်က္လုံး ေအာင္ျမင္ေနၿပီ ျဖစ္ေၾကာင္းလည္း ေဒါက္တာ ေဇာ္ေဝစိုးက ေျပာၾကားခဲ့သည္။NUG အစိုးရ ပညာေရးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးသည္ ေမလ ၂၅ ရက္ေန႔တြင္ ယူေက

ႏိုင္ျခားေရးဝန္ႀကီး Amanda Milling ႏွင့္ လန္ဒန္ၿမိဳ႕ရွိ ႏိုင္ငံျခားေရး ဌာန႐ုံးတြင္ ေတြ႕ဆုံ ၿပီးေနာက္ ယူေကေရာက္ျမန္မာမ်ားႏွင့္ ေတြ႕ဆုံခဲ့ျခင္း ျဖစ္သည္။

Crd

Unicode

အင်အား များပြားလွန်းသည့် ကိုယ်ပိုင်စစ်တပ် ရှိနေပြီဟု NUG ဝန်ကြီးပြော

အင်အား များလွန်းသည့် ကိုယ်ပိုင်စစ်တပ်ကို ပိုင်ဆိုင်သည့် အစိုးရ တစ်ရပ် ရှိနေပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။ယူကေ (United Kingdom) ၊ လန်ဒန်မြို့၌ရောက်နေသည့် NUG ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက မေလ ၂၉ ရက်နေ့က ပြုလုပ်သည့်

ယူကေရောက် မြန်မာများနှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“ဘယ်တုန်းကမှ အဲဒီလို မရှိခဲ့တဲ့ကိုယ်ပိုင်တပ် ရှိတဲ့ အစိုးရတစ်ခု အနေနဲ့ ရှိနေပြီ” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။စစ်တပ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ထဲတွင် တပ်ဖွဲ့ဝင် အင်အားခန့်မှန်း၍

မရအောင် ရှိနေသည်ဟု ၎င်းက ဆိုသည်။ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း PDF တပ်ရင်း တပ်ဖွဲ့ ၁၀၀ ကျော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့သည်ဟုဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် NUG တစ်နှစ်ပြည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အတူ ဒေသတွင်း

တော်လှန်ရေး အဖွဲ့အစည်း ၃၅၀ ကျော်အနက် ၁၀၀ ကျော်အား NUG ကာကွယ်ရေး ဝန်ကြီး ဌာနအောက်ရှိတပ်ရင်းတပ်ဖွဲ့များတွင် ပေါင်းစပ် ဖွဲ့စည်းပြီး ဖြစ်သည်ဟုလည်း ဆိုထားသည်။“ကျွန်တော်တို့က ပြည်သူ့စစ် ဖြစ်တဲ့အတွက် အဲဒီလူတွေ အကုန်လုံးကို လက်နက် တပ်ဆင်စရာ မလိုပါဘူး” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

NUG အစိုးရသည် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် မဟာဗျူဟာ ငါးချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီးလက်ရှိတွင် ထိုအချက် ငါးချက်လုံး အောင်မြင်နေပြီ ဖြစ်ကြောင်းလည်း ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့သည်။NUG အစိုးရ ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် မေလ ၂၅ ရက်နေ့တွင် ယူကေ

နိုင်ခြားရေးဝန်ကြီး Amanda Milling နှင့် လန်ဒန်မြို့ရှိ နိုင်ငံခြားရေး ဌာနရုံးတွင် တွေ့ဆုံ ပြီးနောက် ယူကေရောက်မြန်မာများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

Crd

Leave a Reply

Your email address will not be published.