ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းတာသာဖြစ်ဟု ဦးမောင်ဝိတ် ထွက်ဆို ရုံးချိန်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းတာသာဖြစ်ဟု ဦးမောင်ဝိတ် ထွက်ဆို

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ ခုကို မေ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ဦးမောင်ဝိတ် လာရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်း အမှုစစ်ဆေးပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းကိုရောက်လာတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ အနေအထားမှာရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

“ဒီနေ့ အတိုင်ပင်ခံကိုစွပ်စွဲထားတဲ့ အဂတိအမှု ၃ နဲ့ ၄ကို ဆက်စစ်တယ်။ ဦးမောင်ဝိတ် ရောက်လာပြီး ထွက်ဆိုတယ်။ သူကတော့ လှူတယ်ပဲ ထွက်ဆိုခဲ့တာပါ။ ညနေပိုင်းမှာတော့ တရားလို ဦးရဲထက်ကို စစ်ဆေးခဲ့ပါတယ်။” လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှု ၂ မှုကို မေလ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်ကြားနာခဲ့ပါတယ်။

တရားလိုအဖြစ် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ NLDနဲ့ နီးစပ်သူတဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်းပါဝင်ခဲ့ပြီး သူ့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကိုခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ NLD နဲ့ပတ်သက်တဲ့အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုထားပါတယ်။DVB

Leave a Reply

Your email address will not be published.