စစ်ကောင်စီဝါဒဖြန့်သလို ဖြစ်စဉ်မျိုးမရှိဟု PDFများနှင့် ဒေသခံများဆို

News

စာသင်ကျောင်းများကို PDFကမိုင်းထောင်၊မီးရှို့ဖျက်စီး ခြိမ်းခြောက်မှုများပြုလုပ်နေဟု စစ်ကောင်စီဝါဒဖြန့်၊
စစ်ကောင်စီဝါဒဖြန့်သလို ဖြစ်စဉ်မျိုးမရှိဟု PDFများနှင့် ဒေသခံများဆို
—————————–

မေ ၃၁၊ ၂၀၂၂

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့PDFတွေဟာ စာသင်ကျောင်းတွေကိုမိုင်း‌ထောင်၊ မီးရှို့ဖျက်စီး၊ ခြိမ်းခြောက်မှု တွေလုပ်နေကြောင်း စစ်ကောင်စီမီဒီယာတွေကနေ နေ့စဉ်ဝါဒဖြန့်နေတာတွေ့ရပါတယ်။

၂၀၂၂-၂၀၂၃ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံတဲ့မေ(၂၄)ရက်ကစတင်ပြီး စစ်ကောင်စီကနေ့စဉ် ရက်ဆက်ဆိုသလို ဝါဒဖြန့်နေတာဖြစ်ပါတယ်။

မေလ(၂၄)ရက်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း ကျောင်းအပ်လက်ခံနေစဉ်မှာ PDFအဖွဲ့ ဝင်(၂၀)ဦးခန့်ကသေနတ်များကိုင်ဆောင်လာပြီး ကျောင်းမဖွင့်ဖို့ ခြိမ်းခြောက်ကာ သေနတ်ငါးချက်ခန့်ခြောက်လှန့်ပစ်ခတ်သွားလို့ စစ်ကောင်စီ လက်အောက် ခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပက်သက်ပြီး ပေါက်မြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံကိုမေးမြန်းရာမှာတော့ အခု လိုဖြစ်စဉ်မျိုးမရှိဘဲ စာသင်ကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိကြောင်းနဲ့ စစ်ကောင်စီခန့်တဲ့ ရွာလူကြီးတွေကသာ ကျောင်းသားမိဘတွေကို မဖြစ်မနေကျောင်းအပ်ကြဖို့ ဖိအားပေးတာတွေရှိနေတယ် လို့ ပြောပါတယ်။

အဲ့ဒီနေ့မှာပဲ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်က မြိတ်ခရိုင်အတွင်းရှိစာသင်ကျောင်းတွေ ကိုဖြန့် ချီမယ့် ကျောင်းသုံးပုံနှိပ်စာအုပ်သယ်ဆောင်လာတဲ့ (၁၂)ဘီးကား(၂)စီးကို PDFတွေကတားဆီးပြီး မီးရှို့ဖျက် စီးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မြဝတီမီဒီယာမှာဖော်ပြပါတယ်။

မေ(၂၈)ရက်မှာလည်း ချင်းပြည်နယ်၊ဖလမ်းမြို့က အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်းမှာ ကျောင်း အပ်နှံခြင်းမပြုဖို့ ခြိမ်းခြောက်စာတွေရေးထားပြီး ကျောင်းကိုဖျက်စီးသွားကြောင်းနဲ့ မေ(၂၉)ရက်မှာတော့ စစ်ကိုင်းတိုင်း၊ က လေးမြို့၊ စန်းမြို့ရပ်ကွက် မြို့ပတ်လမ်းရှိ အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်း ကို PDFတွေကမီးရှို့ဖျက်စီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က စွပ်စွဲတာနဲ့ပတ်သက်ပြီး ကလေး PDF တပ့်ဖွဲ့ဝင်တစ်ဦးက ” စကစ ဘက်ကတော့ သတင်းမမှန် သတင်းအတု‌အယောင်တွေ ထုတ်ပြန်မှာဘဲ ပြည်သူနဲ့ ကျနော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေကြားကိုသွေးခွဲတာတွေ လုပ်မှာဘဲ ဘာလို့လဲဆိုတော့ ပြည်သူတွေက သူတို့ဘက်မှာ မရှိတော့ဘူးလေ အဲ့တော့ သူတို့ဘက်ပါအောင်နည်းမျိုးစုံနဲ့ လုပ်ကြံဇာတ်လမ်းတွေထွင်မယ် သူတို့ဘက်ကိုပါ သူတို့ဘက်ကို မပါရင်ရွာမီးရိူ့မယ် ကျောင်းတွေမီးရိူ့မယ် ဒါမျိုးတွေလုပ်မယ် ပီးရင် ကျနော်တို့လုပ်တယ်ဆိုပြီး စွပ်စွဲမယ်၊ ဒီလိုမျိုးက ခေတ်အဆက်ဆက်လုပ်နေကြပဲ။ ကျောင်းတွေကို ကျွန်တော်တို့ မီးမရှို့ဘူး” လို့ပြောပါတယ်။

စစ်ကောင်စီဘက်က ဘယ်လောက်ပဲ ဝါဒဖြန့်ချီနေပါစေ PDF တွေဘက်ကတော့ သူတို့ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို ဆက်လက်ဆောင်ရွက်သွားဦးမယ်လို့ ဆက်ပြောပါတယ်။ “ကျနော်ဘက်က တုံ့ပြန်စရာ တစ်ခုဘဲ ရှိတယ် စကစ ဘက်က ကြိုက်တာလုပ် ကျနော်တို့ က ကျနော်တို့ ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒီတော်လှန်ရေး မအောင်မခြင်း ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်” လို့ပြောပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးကတော့ (၁)နာရီခန့်မှာ သေနတ်သံတွေကြားခဲ့ပြီး ကျောင်းမီးလောင်ကာ ကျောင်း ဆောင်နှစ်ဆောင်မီးလောင်သွားကြောင်း၊ မီးကိုအပြင်ကနေရှို့ခဲ့တဲ့ရှို့မီးဖြစ်တယ်လို့ ပြောပါတယ်။


စစ်ကောင်စီဖွင့်လှစ်မယ့်စာသင်ကျောင်းတွေကို သပိတ်မှောက်တဲ့အနေနဲ့ မတက်ရောက်ကြဖို့ တိုက်တွန်း နှိုးဆော်မှုတွေရှိပေမယ့် စာသင်ကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုမျိုးမလုပ်ဖို့နဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခွင့် အရေးကိုလေးစားလိုက်နာဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း စစ်ကောင်စီရဲ့စာသင်ကျောင်းတွေကို ဆန့်ကျင်ကန့်ကွက်ပေမယ့် စာသင်ကျောင်းတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှာမဟုတ်ဘူးလို့ တရားဝင်ထု တ်ပြန်ထားကြပါတယ်။BVj

ပုံစာ-မီးလောင်ပျက်စီးခဲ့သည့် ကလေးမြို့၊ အမှတ်(၈)အခြေခံပညာအထက် တန်းကျောင်

Leave a Reply

Your email address will not be published.