ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် KNDF ကို တတ်စွမ်းသမျှ ပံပိုးကူညီသွားမည်ဟု ပြော

News

ကရင်နီ၊ မေ ၃၁
လူငယ့်ခေတ်

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် တတ်စွမ်းသမျှ ပံပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ မေလ ၃၁ ရက်တွင်ကျရောက်သည့် KNDF ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှာ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုး သားပါတီ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်( PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA ) တို့မှ သဝဏ်လွှာပေးပို့ခြင်း ဖြစ်သည်။

ခုခံကာကွယ်စစ်ကို တော်လှန်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် အဖွဲ့စည်းများထဲတွင် KNDF သည်တစ်ခုအပါအဝင်ဖြစ်ပြီး တစ်နှစ်တာကာလတွင်း တော်လှန်ရေးလက်နက်ကိုင် အဖွဲ့စည်းတစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက်နိုင်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ စုဖွဲ့မှုကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူကိုချေမှုန်းတိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့စည်းများ တည်ဆောက်နိုင်ခြင်း အပါအဝင် ထိုက်သင့်သည့် စစ်ရေးအတွေ့အကြုံရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ညီနောက်မဟာမိတ် ၃ ဖွဲ့အနေဖြင့်လည်း ဘဝတူတော်လှန်ရေးအဖွဲ့အစည်း KNDF ခေါင်းဆောင်များ၏ ကြိုးစား အားထုတ်မှုကို အလေးထား အသိမှတ်ပြုကြောင်းလည်း သဝဏ်လွှာမှ တစ်ဆင့်ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published.