သက် ၈၀ အဘွားအိုနှင့် မိန်းကလေး နှစ်ဦးတည်းရှိနေစဉ်အချိန် လူ ၁ဝ ဦးခန့်မှ အုပ်စုလိုက်ဝင်ရောက်လာပြီး ဓားပြတိုက်မှု ရန်ကုန်မြို့တွင်ဖြစ်ပွား
အသက် ၈ဝ ကျော်အရွယ် အဘွားအိုတစ်ဦးနှင့် မိန်းကလေးတစ်ဦးသာ ရှိနေစဉ်အချိန်တွင် လူ ၁ဝ ဦးခန့်မှ အုပ်စုလိုက်ရောက်ရှိလာကာ








အိမ်အတွင်းဝင်ရောက်ဓားပြတိုက်မှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ် မကြီးတန်ရပ်ကွက် ပန်းပင်ကြီးလမ်းရှိ အထပ်မြင့်တိုက် ပထမထပ်တွင် ယနေ့ မေလ ၃ဝ ရက်
နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပန်းပင်ကြီးလမ်း တွင်နေထိုင်သူကပြောသည်။








ထိုသို့ ဓ ားပြတိုက်လုယက်မှုကြောင့် လူထိခိုက်မှု မရှိခဲ့သော်လည်း ရွှေနှင့်ငွေသားများ လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည်။
အသက် ၈ဝ ကျော်အရွယ် အဘွားအိုသည် ကျန်းမာရေးမကောင်းသည့်အတွက် အိပ်ယာပေါ်တွင် လဲနေသူဖြစ်ပြီး အသက် ၅ဝ အရွယ်
အိမ်အကူ အမျိုးသမီးတစ်ဦးနှင့် နေအိမ်တွင် ရှိနေစဉ်အချိန် လူငယ် ၁ဝ ဦးခန့်မှ ဓား သံတုတ်များ ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။








ထို့နောက် အိမ်အကူအမျိုးသမီးအား ကြိုးဖြင့်တုတ်ကာ ၎င်း၏ နားကပ်အားချွတ်ယူခဲ့ပြီး ဗွီရိုအံဆွဲအတွင်း မှလည်း ရွှေနှင့် ငွေသားများကို ယူ ဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ကျွန်တော့်အိမ်ကို ဓားပြဝင်တိုက်သွားပါတယ်။ အုပ်စုလိုက်ကြီးဝင်ပြီး ဓားပြတိုက်တာပါ အဘွားက အောက်ထပ်မှာ အမေ နဲ့နေတာပါ
အမေဈေးသွားတဲ့အချိန် အဘွားနဲ့ကောင်မလေးပဲ ရှိတဲ့အချိန်ဝင်တိုက်သွားတယ်။








ကိုယ်တွေ အပေါ်ထပ်မှာ ရှိနေတာတောင် တိုက်သွားပြီးမှ သိလိုက်ရတယ်။
အဘွားကအသက် ၈ဝ ကျော်ပြီမလို့ လူကို တခုခုမလုပ်သွားတာပဲ တော်တော်ကျေးဇူးတင် ရမလိုဖြစ်နေတယ်။
ရွှေတွေရော မှန်တွေပါ အကုန်ရိုက်ခွဲပြီး ပိုက်ဆံ ရွှေ အကုန်ယူသွားတာပါ။
အောက်ထပ်က ဆိုင် ၂ ဆိုင်ရှိတာကို ကားအဲကွန်းပြင်ဆိုင် နဲ့ ဆေးဆိုင် ပထမထပ်ကို အုပ်စုလိုက်ဝင်တိုက်တာ ဟု ဓားပြတိုက်ခံရသော
မိသားစုမှ မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်တွင် အသိပေးပြောဆိုထားသည်။








ဓားပြတိုက်မှုဖြစ်ပွားခဲ့သော ပန်းပင်ကြီးလမ်းသည် လူသွား လူလာစည်းကားသော နေရာတစ်ခုပင်ဖြစ်သော်လည်း ရဲရဲတင်းတင်း
အုပ်စုလိုက်ဓားပြတိုက်မှု ဖြစ်ပွားလာသည့်အတွက် သတိပြုနေထိုင်ကြရန်လည်း ၎င်းက အသိပေးပြောဆိုထားသည်။
ရန်ကုန်အပါအဝင် မန္တလေးနှင့် တခြားမြို့များတွင် အုပ်စုလိုက် အိမ်ပေါ်တက်ကာ လုယက်မှုဖြစ်စဉ်များသည် ပိုမိုဖြစ်ပွားလာနေသည်ကို
တွေ့ရှိရပြီး ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်လည်း အသိပေးပြော ဆိုမှုများရှိလာကြသည်။
Credit