ဒီရက်ထဲမှာ ကိုယ်ပွဲတွေသွားတယ်။ တော်လှန်ရေးအတွက် စကားတွေပြောတယ်။ ဘွန်းရောင်းတယ်။ Fund Raise လုပ်ပေးတယ်။ လူတွေအမြင်မှာ ကိုယ်တက်တက်ကြွကြွ လှုပ်ရှားနေတယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာ ဝေဝါးနေတဲ့ခံစားချက်ပဲ။
တစ်ဖက်ခြမ်းမှာ ကိုယ်ဟာ ပေးဆပ်နေတဲ့လူငယ်တွေကို တိုက်ရိုက်မြင်နေရတယ်။ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ။ ဒါ့အပြင် အာဏာရှင်စနစ်ဆိုးကြောင့် ဘဝအပျက်ကြီးတွေကို ထမ်းပိုးပြီး အသက်ရှင်နေရသူတွေ။ ဥပမာ ရွာမီးရှို့ခံရသူတွေ၊ စစ်ဘေးရှောင်တွေ၊ ထွက်ပြေးလွတ်မြောက်လာပြီး ဘဝကို သုညက ပြန်စနေရတဲ့ မစနိုင်ရှာတဲ့ ကိုယ်အပါအဝင် ဘဝတူတွေ။
တစ်ဖက်ခြမ်းမှာလည်း Normal Life ထဲ ပျော်ပျော်ကြီး စီးမျောနေကြတဲ့သူတွေ။ မင်းတို့တော်လှန်နေတာပဲ၊ ငါတို့မလိုပါဘူး တွေးနေတဲ့သူတွေ။ တော်လှန်သူတွေနဲ့ နာကျင်မှုတွေရင်းနှီးပြီး ရလာမယ့် ဒီမိုကရေစီကို အခန့်သားယူဖို့ မျှော်လင့်နေကြသူတွေ။ စစ်ဖိနပ်အောက်မှာ နေသားကျနေကြသူတွေ။ စစ်ဖိနပ်မှာ အချင်းချင်းနင်းရင်း အချောင်နေအချောင်စားရမယ်ဆိုပြီး ပျော်ရွှင်နေကြသူတွေ။
ကိုယ်ဟာ Parallel Universe ကြီး နှစ်ခုကို တပြိုင်နက်တည်း မြင်နေရသလိုပဲ။ ဝမ်းနည်းရပုံက အော်အော်ရယ်ပစ်ချင်အောင်ထိ လှိုက်ခါတုန်ရင် ဝမ်းနည်းရတာမျိုး။ နာနာကျင်ကျင်ကြီး အသံထွက်ရယ်မောနေရတဲ့အထိ ရူးချင်စရာ ကောင်းတာမျိုး။
မနက်က မိတ်ဆွေ တော်လှန်ရေး အစ်ကိုတစ်ယောက်ဆီ စာပို့လိုက်တယ်။ အကိုရေ… တော်လှန်ရေးက ပြီးသွားပြီလားလို့။ အစ်ကိုက ကိုယ့်စာကို Sad Reactလေး ပေးတယ်။ အစ်ကိုတို့ရပ်ကွက်မှာတော့ မပြီးသေးပါဘူးတဲ့။ ရယ်မောတဲ့ Emojiတွေသုံးပြီး စကားပြောနေတဲ့အချိန်မှာကို ကိုယ်မျက်ရည်ပေါက်ပေါက်ကျရတယ်။
ပဒေသာပင်ချန်နယ်က တင်လိုက်တဲ့ နိုင်ငံပျောက်သူ Short Filim ထဲမှာ မသုမေးသွားတဲ့မေးခွန်းဟာ ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မေးခွန်းပဲ။
“ငါ ဘာဆက်လုပ်ရမလဲ” ဆိုတဲ့ မေးခွန်း။ဒီ Short Flim လေးထဲကပဲ ကိုယ်အဖြေကို ရလိုက်ပါတယ်။
“အရှုံးမပေးနဲ့၊ အရှုံးမပေးမချင်း ငါတို့နိုင်တယ်”အရှုံးမပေးဘူး။ ဆက်တိုက်မယ်။ ဘာတွေပဲ ကြုံကြုံ ဘယ်လိုတွေ နာကျင်ရ နာကျင်ရ အရှုံးမပေးဘူး။
ငါတို့အရှုံးမပေးသရွေ့ သူတို့အုပ်ချုပ်လို့ မရဘူး။ အာဏာသိမ်းပြီး ပြည်သူကိုသတ်ပြီး အုပ်ချုပ်ချင်သူတွေရဲ့ အုပ်ချုပ်ခွင့်မရခြင်းဟာ ငါတို့နိုင်ပြီး သူတို့ရှုံးနေတာ။
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး။သူတို့ရှုံးတဲ့အထိ ငါတို့နိုင်အောင် တိုက်ကြမယ်။
(ပဒေသာပင် YouTube Channel မှာ ကြည့်ဖြစ်အောင် သွားကြည့်ကြပါ)

Credit – Original Writer