NUG သမ္မတ ရှေ့တန်းစစ်စခန်းများကို စစ်ဆေး
ရန်ကုန်၊ မေ ၃၀
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် မေလ ၂၄ ရက်နေ့တွင် ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်ရဲဘော်များ စစ်ဆေးကြောင်း သိရှိရသည်။
ယာယီသမ္မတသည် ရှေ့တန်းစခန်းရှိ PDF စစ်သည်ရဲဘော်များနှင့်တွေ့ဆုံရာတွင် “ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်းများဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်၍ အထူးလေးစားဂုဏ်ယူပါကြောင်း၊
ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြသည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများသည် လုံးဝ အဟောသိံကံ ဖြစ်မည်မဟုတ်ကြောင်း၊
ဤသို့သော ရင်းနှီးပါဝင်ခြင်းများကြောင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း၊ PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊
ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ Professional စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း၊
ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦးပြည်သူ့တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်းစသဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် PDF စစ်သည်ရဲဘော်များ၏ ဆွေးနွေးမှုများ၊ မေးခွန်းများကို ယာယီသမ္မတသည် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး၊ ဖြေကြားခဲ့ပါသည်။ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့သည် စစ်စခန်းတွင်း အခြေအနေများ၊ PDF စစ်သည်တော်များ၏ လိုအပ်ချက်နှင့် စားဝတ်နေရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာယီသမ္မတသည် PDF စစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်သည်တော်များ၏ အလေးပြုနှုတ်ဆက်မှုကို ခံယူပြီးနောက် စခန်းမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။

Credit – Original Writer