၀င်ကြည့်ရင်းကြက်သီးထမိတဲ့ ‘ထောက်ပို့xစ်ဆင် ခရမ်းမစ်ရှင်’အလှူငွေသိန်းပေါင်းလေးရာကျော်..See More..

News

၀င်ကြည့်ရင်းကြက်သီးထမိတဲ့ ‘ထောက်ပို့xစ်ဆင် ခရမ်းမစ်ရှင်’အလှူငွေသိန်းပေါင်းလေးရာကျော်..see more..

“ ထောက်ပို့စစ်ဆင် ခရမ်းမစ်ရှင် ´´ တော်လှန်ရေး ရံပုံငွေ ရှာဖွေခြင်း အခမ်းအနားတွင် အလှူငွေ ၄၆၀,၀၀,၀၀၀၀ (ကျပ်သိန်းလေးရာ့ခြောက်ဆယ်ကျော်) လက်ခံရရှိ

မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် PDF(Khayan) တပ်ဖွဲ့ဝင်များ မိုးတွင်းကာလကို အခက်အခဲများစွာကြားမှ ကျော်ဖြတ်နိုင်ရန် လိုအပ်ချက်များစွာရှိနေသည့်အတွက် နိုင်ငံတာကာရောက် ခရမ်းသားများနှင့် ထောက်ပို့တပ်သားများ ဦးဆောင်၍ “ ထောက်ပို့စစ်ဆင် ခရမ်း မစ်ရှင် ´´ အခမ်းအနားဖြင့် တော်လှန်ရေး ရံပုံငွေ ရှာဖွေခြင်းကို ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ဒယ်ဂူးဘုန်းဘုန်း ဆရာတော် ဝိသုတ က အဖွင့်သြဝါဒ မိန်းကြား၍ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ ၊ အရှင်ကောဝိဒ (ရွှေအုန်းပင်) တို့မှလည်း သြဝါဒစကားများ မိန့်ကြားပေးခဲ့ကြပါသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနှင့်ပညာရေး ပြည်ထောင်စုဝန်ကြီး ဆရာကြီးဒေါက်တာဇော်ဝေစိုး မှလည်း တက်ရောက်၍ အားပေးစကားနှင့် အလှူရှင်များအား တိုက်တွန်းနှိုးဆော်သည့်စကားများ ပြောကြားပေးခဲ့ပါသည်။

” ဟားငါးကောင် ” အဖွဲ့ မှလည်း အမှတ်တရစကားနှင့် အလှူရှင်များအတွက် တိုက်တွန်းစကားများ တက်ရောက်ပြောကြားပေး၍ ပါဝင်အားဖြည့် ကူညီပေးခဲ့ကြပါသည်။

PDF(Khayan) တပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွါးမှ တပ်ဖွဲ့၏ လုပ်ဆောင်မှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး တက်ရောက်လာသော ​​ပြည်တွင်းပြည်ပမှ ထောက်ပို့အလှူရှင်များ ၊ အဖွဲ့အစည်းများက သိရှိလိုသည်များလည်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ မှ ဦးဆောင်၍ အလှူငွေလက်ခံခြင်းအစီအစဥ်ကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာရောက် ခရမ်းသားများ ၊ ထောက်ပို့အလှူရှင်များ ၊ အဖွဲ့အစည်းများ ၊ ပြည်တွင်း​ပြည်ပအလှူရှင်များ
က တော်လှန်ရေးရံပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြရာ ၄၂၆,၀၀,၀၀၀၀ (လေးရာနှစ်ဆယ့်ခြောက်သိန်းကျပ်) ၊ ဘတ်တစ်သောင်း ၊ USဒေါ်လာ ၁၃၂၅ $ ၊ ယူရို ၇၀၀ လက်ခံရရှိခဲ့ပါသည်။

ထို့နောက် ခရမ်းသားတစ်ဦးဖြစ်သော တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း မှ ခရမ်းမြို့နယ်တော်လှန်ရေး အင်အားစုများကိုယ်စား ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။

အခမ်းအနားကို မြန်််မာစံတော်ချိန် ည (၈:၀၀) နာရီ မှ ( ၁၀:၀၀ ) အထိ အောင်မြင်စွာ ကျင်းပပြုလုပ်၍ တော်လှန်ရေး ရံပုံငွေ ကျပ်သိန်း၄၆၀ကျော်လက်ခံရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော PDF(Khayan)တပ်ဖွဲ့သည် မိုးတွင်းကာလ ဖြတ်သန်းနိုင်ရန် အခက်အခဲများ လိုအပ်များစွာ ရင်ဆိုင်နေရပါသည်။

Zaw Gyi

</

Leave a Reply

Your email address will not be published.