ဆေးဝါး မလုံလောက်မှုကြောင့် ကျောက်မဲ PDF ရဲ့ ရဲဘော်တစ်ဦး ငှက်ဖျားဖြစ်ပြီး တောထဲမှာ အသက်ဆုံးရှုံး
ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲ PDF ရဲ့ ရဲဘော်တစ်ဦးဟာ ငှက်ဖျားဖြစ်ရာကနေ ဆေးဝါး မလုံလောက်တာကြောင့် မေလ ၂၇ ရက်က အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရဲဘော်ဟာ ကိုတိုးခေါ် ကျော်ကျော်ထက် (၂၈ နှစ်)ဖြစ်ပြီး တောတွင်းတစ်နေရာမှာ နွေဦးတော်လှန်ရေးအတွက် အသက်ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။
အဖွဲ့ဝင်တစ်ဦးက “အစက သူရိုးရိုးပဲ ဖျားတယ်လို့ထင်တာ။ အဲဒီမတိုင်ခင်မှာ ကျနော်တို့ အစည်းအဝေး ရှိတယ်။ သူမတက်နိုင်ဘူး။ အဲလောက်ထိတောင် ဖျားတယ်။ သူဖျားတာက သက်သာလိုက် ပြန်ဖျားလိုက် အဲလိုပဲ ဖြစ်နေတာ။
သူ့ကိုကျွေးတဲ့ အစားအစာတွေလည်း ပြန်အန်ထွက်တယ်။ ဆေးမှူးကနေပြီးတော့ အဖျားတိုင်းတဲ့ဟာနဲ့ စစ်ကြည့်လိုက်မှပဲ ငှက်ဖျား ရှိတယ်ဆိုတာ သိလိုက်ရတယ်” လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးရုံအမှီ မပို့နိုင်တဲ့အတွက် အသက်ဆုံးရှုံးလိုက်ရပြီး လက်ရှိ ကျောက်မဲ PDF ရဲ့ စခန်းအတွက် ဆေးဝါးပစ္စည်း လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဆေးဝါး မလောက်တာလည်းဖြစ်တယ်။ နောက်တစ်ခုက လမ်းအခြေအနေ အခက်အခဲကြောင့် အချိန်အကြာကြီးမှ ဆေးဝါးတွေက ရောက်လာနိုင်တာ။ တစ်ချို့ ဖျားနာတဲ့လူရှိရင်လည်း ရှိတဲ့ဆေးနဲ့ ကုသနေရတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ကျောက်မဲ PDF အနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်ကို လေးစားဂါရဝပြုကြောင်းနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
Crd-ရွှေဖီမြေ