မုံရွာမြို့ တော်ဝင်ကျောက်စိမ်းဟိုတယ်ပိုင်ရှင်အပါအဝင် ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

News

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တော်ဝင်ကျောက်စိမ်းဟိုတယ်ပိုင်ရှင် အပါအဝင် လူ ၅ ဦးကို စစ်ကောင်စီက မေ ၂၈ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုတယ်ပိုင်ရှင်နဲ့ နီးစပ်သူတဦးက “ဒီမနက် ၁၀ နာရီမှာ စစ်ကောင်စီတပ်တွေက မုံရွာမြို့ နတ်လူထိပ်ပန် ရပ်ကွက်ရှိ တော်ဝင်ကျောက်စိမ်း ဟိုတယ်ပိုင်ရှင် အပါ လူ ၅ ဦးကို ဖမ်းဆီးတယ်၊ စစ်ကား ၃ စီး နဲ့ ရောက်တယ်။ တော်ဝင်ကျောက်စိမ်းဟိုတယ်ပိုင်ရှင်က PDF တွေကို ထောက်ပံ့လို့ ဆိုပြီး လာ ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဒေါ်အေးအေးခိုင်ဟာ စီးပွားရေးသမားတဦးဖြစ်ပြီး ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

“အခုစစ်ကောင်စီ ဖမ်းသွားတဲ့ မအေးအေးခိုင်က ဘာမှလုပ်တာမရှိဘူး၊ သူက စီးပွားသမား၊ ဘာကြောင့် အခုလို ဖမ်းတယ်မသိရပါဘူး။ အခုမအေးအေးခိုင်နဲ့ အဆက်သွယ်ပြတ်နေတယ်။ သူ့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး” လို့ နီးစပ်သူက ပြောပါတယ်။

မုံရွာမြို့မှာ စစ်ကောင်စီက သူတို့မထင်ရင် မထင်သလို ပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖမ်းဆီးခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

Leave a Reply

Your email address will not be published.