လျှပ်စစ်မီးပုံမှန်မပေးနိုင်ပေမယ့် စစ်ကောင်စီခန့်ဝန်ကြီးချုပ်က ကျေးရွာတွေအထိဆင်းကာ လျှပ်စစ်မီးဖွင့်ပွဲတက်ရောက်နေရ

News

ဧရာဝတီတိုင်းမ်

မေလ ၂၉ ရက်
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်အချိန်ပြည့်ပေးနိုင်အောင် စစ်ကောင်စီက မခန့်ခွဲနိုင်ပေမယ့် ကျေးလတ်လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတွေကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ် ဦးတင်မောင်လင်းနဲ့ ဝန်ကြီးတွေက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ခဲက ကျေးရွာလေးရွာကိုသွားရောက်ပြီး လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့မလို့ မရှက်တာပေါ့ မီးကျတော့ ပုံမှန်မပေးနိုင်ဘူး ရွာတွေက ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်း အနားတွေပတ်တက်နေတာ ရှက်တက်ရင် သေလို့ရတယ် အမှန်ဆို မီးပုံမှန်အချိန်ပြည့်ပေးနိုင်အောင် စဥ်းစားရမှာ”လို့ ဒေသခံတဦးက ပြောပါတယ်။

လျှပ်စစ်မီးအချိန်ပြည့်ပေးနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပညာရှင်တွေနဲ့ အစည်းဝေးလုပ်တိုင်ပင်ပြီး အဖြေရှာရမယ့်သူက ကျေးရွာတွေမှာ မီးလင်းရေးဖွင့်ပွဲတက်ရောက်နေတာဟာ ပြည်သူတွေကို စေတနာမရှိတာနဲ့ ဟန်ပြလုပ်နေတာကို သိသာစေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ကျော်အကြာမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက လျှပ်စစ်မီး အချိန်မှန်အောင် မပေးနိုင်တဲ့အပြင် မီတာမဆောင်နဲ့နေအိမ်တွေကိုလည်း မီးလိုက်ဖြတ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.