ုစစ်ကောင်စီ ကား၂စီး အချင်းချင်း ကားတိုက်မှုဖြစ်ခဲ့ ယနေ့ အသံတိတ် သပိတ်(ရုပ်သံ)

News

မန္တလေးမြို့တွင် အသံတိတ် သပိတ် ပြုလုပ်နေချိန် လူသူမရှိသော လမ်းပေါ်တွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို (CCTV-Footage)

ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော် လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၁ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြားစစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။

Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများပေါ်တွင် ရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီ ကား၂စီး အချင်းချင်း ကားတိုက်မှုဖြစ်ခဲ့ ယနေ့ အသံတိတ် သပိတ်(ရုပ်သံ)

မန္တလေးမြို့တွင် အသံတိတ် သပိတ် ပြုလုပ်နေချိန် လူသူမရှိသော လမ်းပေါ်တွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို (CCTV-Footage)

ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော် လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၁ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြားစစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။

Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများပေါ်တွင် ရှိနေခြင်းဖြစ်သည်

Crd#

Leave a Reply

Your email address will not be published.