
News



ရန်ကုန်၊ မေ ၂၇


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်အနီး တောင်နီတောင်နားတွင် ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီး အမှတ် ၆၀၈ အမြှောက်တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိမှန်သေဆုံးကာ စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊

ပျောက်ကျား PDF ရဲဘော် နှစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို စစ်ကား ၃ စီးဖြင့် အရှေ့အနောက်ပိတ် ၍ ပစ်ခတ် ဖမ်းကြကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်တွင် အချင်းချင်း ပြန်လည် ထိမှန်ခြင်းဖြစ်ပြီး အရပ်သား ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် PDF ပျောက်ကျားတပ်သားတစ်ဦးလည်း ကျည်ထိမှန်ပြီး အနည်းငယ်ဒဏ်ရာရရှိကြောင်း၊ သို့ရာတွင် ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ညနေ ၃ နာရီတွင် အချင်းချင်း ပြန်လည် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အမှတ်(၆၀၈)ဒုံးတပ်ရင်းမှ ဒုအရာခံဗိုလ်အောင်မျိုးသူကို သဂြိုလ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.