KIA ဥက္ကဋ္ဌ (၇၅)နှစ်ပြည့် မွေးနေ့ကို NUG ဆုတောင်းစကားပေးပို့
ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ယနေ့မေလ (၂၇)ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်ပြည့် မွေးနေ့ကိုအမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဆုတောင်းစကားပေးပို့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ယနေ့ကျရောက်သည့် (၇၅)နှစ်ပြည့် မွေးနေ့အချိန်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ အဖဘုရားသခင် ပေးသနားတော်မူသော ဉာဏ်ပညာနှင့်အစွမ်း သတ္တိများဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အကျိုး အတွက် ဆထက်ထမ်းပိုး ဦးဆောင်ဦးရွက်ပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ပေးပိုထားသည်။
ထိုဆုတောင်းစကားကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပေးပို့ခြင်းဖြစ်သည်။
ဒါ့အပြင် ဥက္ကဋ္ဌကြီး၏ ဦးဆောင်လမ်းညွန်မှုအောက်တွင် Kachin Independence Organization (KIO)နှင့်တကွ ကချင်ပြည်သူလူထု၏ ခိုင်မာပြတ်သားသော ရပ်တည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများမျှော်မှန်း တောင့်တနေသာ လုံခြုံငြိမ်းချမ်း၍ စည်ပင်ဝပြောသည့် နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းရရှိနိုင်ရေး ကြိုးပမ်းအားထုတ်နေမှုများကို များစွာပင် ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း သဝဏ်လွှာပေးပို ထားသေးသည်။
#TachileikNewsAgency